Sunday, October 26, 2025
spot_img
spot_img

ပရီးမီးယားလိဂ် ပွဲစဉ် (၁၈) ပွဲကြိုသုံးသပ်ချက်

စပါး – အက်စတွန်ဗီလာ (တနင်္ဂနွေည ၈း၃၀ နာရီ)

အူနိုင်းအမ်မရီလက်ထက်မှာ အက်စတွန်ဗီလာက တိုးတက်မှု ပြန်ပြလာတယ်။ ဒါ ပေမဲ့ လီဗာပူးလ်အသင်းနဲ့ပွဲမှာတော့ ဂိုးရှုံး၊ ခြေရှုံးပါပဲ။ ဗီလာ ဘာမှ လုပ်မပြနိုင်ခဲ့ဘူး။ စပါး က ရလဒ်တွေ အတက်အကျကြမ်းတယ်။ ခြေစွမ်းကလည်း စိတ်မချရဘူး။ ဟာရီကိန်းရဲ့ သွင်းဂိုးတွေကို မှီခိုပြီး ကစားနေရတဲ့ အနေအထားလည်းဖြစ်နေတယ်။ ဒါပေမဲ့ ဒီပွဲတော့ အိမ်ကွင်းမှာ စပါး နိုင်ပွဲယူပါလိမ့်မယ်။

နော်တင်ဟမ် – ချယ်လ်ဆီး (တနင်္ဂနွေည ၁၁း၀၀ နာရီ)

ချယ်လ်ဆီးအသင်းက ရလဒ်တွေ ဆက်တိုက်ဆိုးခဲ့ပြီးမှ ပရီးမီးယားလိဂ် ပြန်အစမှာ အဖွင့်နိုင်ပွဲနဲ့ တာထွက်နိုင်ခဲ့တယ်။ ရီးစ်ဂျိမ်းစ်က ချယ်လ်ဆီးအတွက် ဘယ်လောက်အ ရေးပါသလဲဆိုတာကိုလည်း မြင်တွေ့ခဲ့ရတယ်။ ဒါပေမဲ့ ရီးစ်ဂျိမ်းစ် ဒဏ်ရာပြန်ရသွားပြီး ဒီ ပွဲမှာ မကစားနိုင်ရင် ချယ်လ်ဆီးရဲ့ကစားပုံထိခိုက်ဦးမယ်။ နော်တင်ဟမ်ဖောရက်စ်ကို တော့ ဘယ်လိုဖြစ်ဖြစ် ချယ်လ်ဆီးနိုင်သင့်ပါတယ်။ ချယ်လ်ဆီးနိုင်ပွဲရဖို့များတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments