နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်သည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် (၇)ပွဲဆက် ဂိုးသွင်းနိုင်ခဲ့သည့်အတွက် အသင်းဂန္ထဝင်တိုက်စစ်မှူး အလန်ရှီးယား၏စံချိန်ကို လိုက်မီသွားခဲ့ကြောင်း သိရသည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် နယူးကာ ဆယ်အသင်းအတွက် (၇)ပွဲဆက်ဂိုးသွင်းနိုင်ခြင်းမှာ အများဆုံးဖြစ်ပြီး အီဆက်ခ်မတိုင်မီက အလန်ရှီးယားနှင့် ဂျိုးဝဲလက်ခ် တို့သာ ရှိခဲ့ကြောင်း သိရသည်။
ပရီးမီးယားလိဂ်တွင် ပွဲဆက်အများဆုံးဂိုးသွင်းနိုင်သူအဖြစ် စံချိန်တင်ထားသူမှာ (၁၁)ပွဲ ဆက်ဂိုးသွင်းထားသည့် လက်စတာတိုုက်စစ်မှူး ဗာဒီဖြစ်သည်။
အီဆက်ခ်သည် အဆိုပါပရီးမီးယားလိဂ်(၇)ပွဲတွင် (၉)ဂိုး သွင်းယူခဲ့ကြောင်း သိရသည်။






