Tuesday, January 20, 2026
spot_img
spot_img

ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ ဒုတိယနေရာသို့ တက်လှမ်းလာနိုင်ပေမယ့် ချန်ပီယံဆုကို စိန်မခေါ်နိုင်သေးကြောင်း ပြောကြားလာတဲ့ အာတီတာ

ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်ဟာ ဘရန့်ဖို့ဒ်ကို ၁-၃ နဲ့အနိုင်ရရှိပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာသို့ တက်လှမ်းလာနိုင်ခဲ့ပေမယ့် နည်းပြ အာတီတာကတော့ အသင်းဟာ ချန်ပီယံဆုဖလားကို စိန်ခေါ်နိုင်စွမ်းမရှိသေးကြောင်း ပြောကြားလာခဲ့ပါတယ်။

ယခုနိုင်ပွဲကြောင့် အာဆင်နယ်ဟာ အမှတ်ပေးဇယား ထိပ်ဆုံးက လီဗာပူးနဲ့ ရမှတ် ၆ မှတ်သာကွာဟတော့ပေမယ့် လီဗာပူးက ပွဲကျန်တစ်ပွဲကစားဖို့ကျန်ရှိနေသေးတာကြောင့် ရမှတ် ၉ မှတ်အထိကွာဟဖို့ အလားအလာလည်းရှိနေပါသေးတယ်။ ယခုပွဲစဉ်မှာ ဘရန့်ဖို့ဒ်က ဦးဆောင်ဂိုးစတင်ရရှိခဲ့တာဖြစ်ပြီး ပွဲကစားချိန် ၁၃ မိနစ်မှာပဲ အမ်ဘွေမိုက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အတွက် ချေပဂိုးနဲ့အနိုင်ဂိုးတွေကိုတော့ ဂျီးဆပ်၊ မာရီနိုနဲ့ မာတင်နယ်လီတို့က သွင်းယူပေးခဲ့တာဖြစ်ပြီး အသင်းကို ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက်တိုက် နိုင်ပွဲရရှိစေခဲ့ပါတယ်။ ယခုပွဲစဉ်မှာ အာတီတာရဲ့အသင်းဟာ ဂိုးပေါက်ကန်သွင်းချက် ၁၄ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပြီး ခြေစွမ်းအသာနဲ့ကစားနိုင်ခဲ့တာကြောင့် အနိုင်ရဖို့ထိုက်တန်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

Arsenal still not in the title race

စူပါကွန်ပြူတာရဲ့တွက်ချက်မှုအရ အာဆင်နယ်အနေနဲ့ ဒီရာသီပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ချေဟာ ၉.၅ ရာခိုင်နှုန်းသာရှိနေတယ်လို့သိရပြီး အာတီတာကလည်း အဆိုပါခန့်မှန်းချက်ကို ငြင်းဆန်ခြင်းမရှိဘဲ သဘောတူကြောင်းပြောကြားလာခဲ့ပါတယ်။ စပိန်သားက “ကျွန်တော်တို့က လာမယ့်ပွဲစဉ်မှာ အနိုင်ယူပြီး ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ရပါမယ်။ ချန်ပီယံဆုဖလားအတွက် အခွင့်အရေးက ကျွန်တော်တို့လက်ထဲမှာမရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့လုပ်နိုင်တာကိုတော့ သေချာအောင်လုပ်သွားရပါမယ်” လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အာတီတာက အသင်းအတွက် ဂိုးတွေကိုယ်စီသွင်းယူပေးခဲ့ကြတဲ့ ဂျီးဆပ်၊ မာတင်နယ်လီနဲ့ မာရီနိုတို့ကိုလည်း ချီးကျူးစကားပြောကြားလာခဲ့ပါတယ်။ ဂျီးဆပ်ဟာ အာဆင်နယ်အတွက်ကစားခဲ့တဲ့ ပြိုင်ပွဲစုံနောက်ဆုံး ၄ ပွဲမှာ ၆ ဂိုးအထိသွင်းယူနိုင်ခဲ့တာဖြစ်ပြီး အသင်းရဲ့ယုံကြည်မှုကို ရယူထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင်မာတင်နယ်လီကလည်း ပရီးမီးယားလိဂ်အဝေးကွင်း နောက်ဆုံး ၄ ပွဲမှာ ၃ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။

အာတီတာက “နှစ်ယောက်စလုံး အရမ်းကောင်းကြပါတယ်။ လိုအပ်နေချိန်မှာ ဂိုးတွေပြန်သွင်းလာနိုင်ကြတာက အသင်းအတွက် အရမ်းအရေးကြီးပါတယ်။ ဒီလိုသွင်းဂိုးတွေကို မျှမျှတတနေရာစုံကနေသွင်းယူနိုင်တာက ကလပ်ရဲ့အရည်အသွေးပါပဲ။ ဒီနေ့မှာလည်းကျွန်တော်တို့ မတူညီတဲ့ပုံစံတွေနဲ့ ဂိုးသွင်းယူနိုင်ခဲ့ကြပါတယ်။ ကစားသမားတွေကလည်း တသမတ်တည်းရှိတဲ့ခြေစွမ်းမျိုး ထိန်းသိမ်းထားနိုင်ကြပြီး အခုချိန်မှာတော့ အသင်းကိုအရမ်းအားရကျေနပ်မိပါတယ်” လို့ပြောကြားခဲ့ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments