Monday, February 9, 2026
spot_img
spot_img

ပရီးမီးယားလိဂ်ဖလား အတွက် မန်စီးတီးကို အဓိက စိန်ခေါ်နိုင်မယ့် အသင်းကို ပြောပြလိုက်တဲ့ ကာရေဂါ

ဂျေမီကာရေဂါက လီဗာပူးဟာ ပရီးမီးယားလိဂ် ဆုဖလားအတွက် မန်စီးတီးကို စိန်ခေါ်နိုင်ရန် ဖြစ်နိုင်ခြေ အများဆုံး ရှိနေတဲ့ အသင်းလို့ ဆိုလိုက်ပေမယ့် အန်ဖီးဂန္တ၀င်က ဂွာဒီယိုလာရဲ့ အသင်းဟာ ပြိုင်ဘက်တွေထက် ခေါင်းတလုံးသာနေဆဲလို့ ခံစားမိနေပါတယ်။ မန်စီးတီးဟာ မနေ့ညက စတန်းဖို့ဘရစ်ခ်ျမှာ ချဲလ်ဆီးနဲ့ ၄ ဂိုးစီ သရေကျခဲ့ကာ ရမှတ် ၁ မှတ်ပဲ စုဆောင်းနိုင်ခဲ့ပါတယ်။

သရေကျခဲ့ပေမယ့်လည်း မန်စီးတီးတို့ ဇယားထိပ်မှာ လီဗာပူးနဲ့ အာဆင်နယ် တို့ကို ၁ မှတ်အသာနဲ့ ဦးဆောင်နေဆဲ ဖြစ်ပါတယ်။ နိုင်ငံတကာပွဲစဉ်တွေ အပြီးမှာ စီးတီးဟာ လီဗာပူးကို အိမ်ကွင်းမှာ လက်ခံ ကစားသွားရမှာ ဖြစ်ပြီး ကာရေဂါက သူ့ရဲ့အသင်းဟောင်းဟာ အီတီဟတ်ကို ယုံကြည်မှု အပြည့်နဲ့ သွားကစားမှာ ဖြစ်တဲ့အပြင် ဒီရာသီ အမှတ်ပေးဖလားကိုလည်း စိန်ခေါ်နိုင်စွမ်း ရှိနေတယ်လို့ ဆိုလိုက်ပါတယ်။

ကာရေဂါက “လီဗာပူးဟာ အီတီဟတ်ကို ယုံကြည်မှု အပြည့်နဲ့သွားကာ သူတို့လည်း title race မှာ ပါ၀င်နေတယ် ဆိုတာကို ပြသသွားမှာပါ။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက မန်စီးတီးကို အပြင်းအထန် ဖိအားပေးနိုင်တဲ့ တသင်းပဲ ရှိပါတယ်။ ဒါဟာ နောက်ထပ် လီဗာပူးပါ။ ဒါပေမယ့် သူတို့ဟာ မန်စီးတီးရဲ့ အကြီးမားဆုံး စိန်ခေါ်နိုင်သူ ဖြစ်လာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ ချန်ပီယံဆုကို ရယူထားဖူးတဲ့ မန်နေဂျာနဲ့ ကစားသမားတွေ ရှိထားလို့ပါ။”

ဆက်လက်ပြီး ကာရေဂါက လီဗာပူးဟာ ဒီရာသီမှာ မန်စီးတီးကို ပိုမို နီးကပ်စွာ ဖိအားပေးနိုင်လိမ့်မယ်လို့ ထောက်ခံသွားခဲ့ပေမယ့်လည်း ချန်ပီယံဖြစ်မယ့် အသင်းကတော့ ဂွာဒီယိုလာရဲ့ အသင်းသာ ဖြစ်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ကာရေဂါက “ဒီအချိန်မှာ မန်စီးတီးဟာ လီဗာပူး နဲ့ အာဆင်နယ် တို့ထက် ခေါင်းတလုံးသာနေဆဲလို့ ကျနော် ယူဆပါတယ်။ ဒါဟာ လာမည့် ၄ လ ၅ လ လောက်မှာတော့ အပြောင်းအလဲ ဖြစ်သွားနိုင်ပါတယ်။ ဒီအသင်းတွေဟာ ဒီထက် ပိုကောင်းလာနိုင်ပါတယ်။ သေချာတာကတော့ လီဗာပူးပါပဲ။ သူတို့မှာ ကစားသမားသစ်တွေ အများကြီး ရှိနေလို့ပါ။

ဒါပေမယ့် ကျနော်တိုဟာ ဒီရာသီမှာ တကယ့် မန်စီးတီး စစ်စစ်ကို မမြင်ရသေးဘူးလို့ ထင်ပါတယ်။ ဒါတောင်မှ သူတို့ဟာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ရှိနေဆဲဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments