Tuesday, January 20, 2026
spot_img
spot_img

ပရီးမီးယားလိဂ်ပွဲ(၂၅၀)ကို အသက်အငယ်ဆုံးဖြင့် ပြည့်မြောက်သည့် မန်ယူကစားသမားအဖြစ် ရပ်ရှ်ဖို့ဒ် စံချိန်တင်

မန်ယူအသင်း၏ တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်သည် ပရီးမီးယား လိဂ်ပွဲ(၂၅၀)ကို အသက်အငယ်ဆုံးဖြင့် ပြည့်မြောက်သည့် မန်ယူကစားသမားအဖြစ် လူတန်နှင့်ပွဲတွင် စံချိန်တင်ခဲ့ကြောင်း သိရသည်။

ရပ်ရှ်ဖို့ဒ်သည် လူတန်နှင့်ပွဲ ကစားချိန်၌ အသက် (၂၆)နှစ်နှင့် (၁၁)ရက်သာရှိသေးသောကြောင့် ယခင်စံချိန်ရှင်ဖြစ်သည့် ရိုင်ယန်ဂစ်ကို (၁၅၆)ရက်အသာဖြင့် ကျော်ဖြတ်ကာ စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရပ်ရှ်ဖို့ဒ်သည် မန်ယူအသင်းအတွက် ပထမဆုံးပရီးမီးယားလိဂ်ပွဲကို ၂၀၁၆ ခုနှစ်၌ အသက်(၁၈)နှစ်အရွယ်တွင် စတင်ယှဉ်ပြိုင်ကစားခဲ့ပြီး (၇)နှစ်အကြာ၌ သမိုင်းဝင်စံချိန်သစ်တစ်ခုကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

ရပ်ရှ်ဖို့ဒ်သည် ပရီးမီးယားလိဂ်ပွဲ(၂၅၀)ယှဉ်ပြိုင်ကစားခဲ့ရာ၌ (၇၇)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၃၈)ကြိမ် ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

သို့သော် ၎င်းသည် ယခုရာသီတွင် တိုက်စစ်စွမ်းဆောင်ရည်ကျဆင်းနေပြီး ပရီးမီးယားလိဂ်(၁၁)ပွဲ၌ (၁)ဂိုးသာ သွင်းယူနိုင်သေးသည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

မန်ယူနည်းပြ တန်ဟက်ဂ်ကမူ ရပ်ရှ်ဖို့ဒ် ခြေစွမ်းပြန်ပြနိုင်မည်ဟု ယုံကြည်မှုရှိကြောင်း ပြောကြားခဲ့သည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments