Saturday, February 7, 2026
spot_img
spot_img

ပရီးမီးယားလိဂ်ပွဲ(၁၀၀)ပြည့်သည့် အသက်အငယ်ဆုံးဂိုးသမားအဖြစ် မယ်လီ မှတ်တမ်းဝင်

လိဒ်စ်အသင်းမှ ပြင်သစ်ဂိုးသမား မယ်လီသည် ပရီးမီးယားလိဂ်တွင် အသက်အငယ်ဆုံးဖြင့် ပွဲ(၁၀၀)ပြည့်သည့် ဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

မယ်လီသည် လိဒ်စ်အသင်း လိဂ်ချန်ပီယံရှစ်တွင် ရှိစဉ်ကတည်းက ရောက်ရှိနေခဲ့သူဖြစ်ပြီး လိဒ်စ်အသင်း ပရီးမီးယားလိဂ်သို့ တန်းတက်လာသည့် ၂၀၂၀-၂၁ ရာသီမှစ၍ ပထမဂိုးသမားအဖြစ် ရပ်တည်ခဲ့သူဖြစ်သည်။

မယ်လီသည် ဝုလ်ဗ်နှင့်ပွဲ၌ ပရီးမီးယားလိဂ်ပွဲ(၁၀၀)ပြည့်ခဲ့ခြင်းဖြစ်ပြီး အသက် (၂၃)နှစ်၊ (၁၆)ရက်သာရှိသေးသောကြောင့် အသက်အငယ်ဆုံးဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

မယ်လီသည် မန်ယူအသင်း ခေါ်ယူရန် စိတ်ဝင်စားနေသည့် ဂိုးသမားတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments