Thursday, January 22, 2026
spot_img
spot_img

ပရီးမီးယားလိဂ်ပွဲစဉ် (၃၀) ပွဲကြိုသုံးသပ်ချက်

လီဗာပူးလ် – ဘရိုက်တန် (တနင်္ဂနွေည ရး၃၀ နာရီ)

ဘရိုက်တန်က ရလဒ်ပိုင်းမတည်ငြိမ်ဘူး။ ကစားပုံက ညက်ညောပြီး ဆွဲဆောင်မှုရှိပေမယ့် ခံစစ်က အခုနောက်ပိုင်း ဂိုး တွေဆက်တိုက်ပေးနေရတာကို တွေ့ရတယ်။ တိုက်စစ်ပိုင်းကလည်း မီတိုမာ ဒဏ်ရာရသွားပြီးကတည်းက ကစားပုံ နည်းနည်း ပျက်သွားတယ်။ လီဗာပူးလ်အတွက် ဒီပွဲက အရမ်းအရေးကြီးတဲ့ ပွဲပါ။ လီဗာပူးလ်သာ ဒီလိုပွဲမျိုးကို ခြေချော်ခဲ့မယ်ဆိုရင် တစ် ရာသီလုံးမှာ နှမြောစရာအကောင်းဆုံးပွဲဖြစ်သွားမယ်။ ပွဲကစားတဲ့ ပွဲစဉ်အနေအထားအရရော၊ တစ်ဖက်မှာ ပြိုင်ဘက်အသင်း ကြီး ၂ သင်းထိပ်တိုက်တွေ့ဆုံနေချိန် ဖြစ်တာရောကြောင့်လီဗာပူးလ်က လုံးဝအမှားခံလို့မရဘူး။ ဒီပွဲကို နိုင်ရုံတင်မဟုတ်ပဲ ဂိုး ကွာခြားချက်အတွက်ပါ ကြိုးစားပြီး ကစားနိုင်လေ ပိုကောင်းလေပဲ။ လက်ရှိ အချိန်မှာ ဒီယက်ဇ်၊ နူးနက်ဇ်၊ မိုဆာလာတို့အပြင် အခြားကစားသမားတွေလည်း Peak Form ကို ရောက်နေတာကြောင့် လီဗာပူးလ် အနိုင်ပြတ်သားနိုင်တယ်။ 

မန်စီးတီး – အာဆင်နယ် (တနင်္ဂနွေည ၁၀း၀၀ နာရီ)


မန်စီးတီးကို တစ်ရာသီ (၆) မှတ်ပေးနေကျ ဆိုတဲ့ အဆင့်ကို အာဆင်နယ် ကျော်နိုင်ခဲ့ပြီလို့ ပြောရမယ်။ အတိုင်းအတာ တစ်ခုအထိ ဒုက္ခပေးနိုင်မှာလည်း သေချာတယ်။ မန်စီးတီးက ပရီးမီးယားလိဂ် နောက်ဆုံး ၁၁ ပွဲမှာ ၉ ပွဲနိုင်၊ ၂ ပွဲသရေနဲ့ Rhythm မှန်နေသလို အာဆင်နယ်ရဲ့ ေ<ကကလည်း တောက်လျှောက်တက်နေတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပွဲ ဆက်တိုက်အနိုင်ယူခဲ့တာကို တွေ့ရတယ်။ ထိပ်တိုက်တွေ့ဆုံမှုအပိုင်းမှာ မန်စီးတီးကို လုံး၀ မယှဉ်နိုင်ခဲ့တာ မှန်ပေမယ့် ဒီ ရာသီ ကွန်မြူနတီဒိုင်းမှာ ပွဲချိန်အတွင်း သရေကစားပြီး ပယ်နယ်တီအဆုံးအဖြတ်မှာ နိုင်ခဲ့တယ်။ ပရီးမီးယားလိဂ် ပထမအကျော့ ပွဲစဉ်တုန်းက အိမ်ကွင်းမှာ အနိုင်ကစားခဲ့တယ်။ ဒါကြောင့်လည်း လက်ရှိ အချိန်မှာ အာဆင်နယ်က မန်စီးတီးကို ခက်ခဲအောင် လုပ်ဖို့ အဆင်သင့်ရှိနေပါပြီ။ သရေကျသွားရင်အံ့သြစရာမရှိပါဘူး။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments