Thursday, January 15, 2026
spot_img
spot_img

ပရီးမီးယားလိဂ်ပွဲစဉ် (၂၉) ပွဲကျန်ပွဲစဉ် ပွဲထွက်လူစာရင်း

ဝုလ်ဗ် – ဘုန်းမောက် (ကြာသပတေးနံနက် ၁း၁၅ နာရီ)

ဝုလ်ဗ်နဲ့ ဘုန်းမောက်က အခြေအနေခြင်းတော်တော် လေး နီးစပ်တယ်။ နှစ်သင်းစလုံးက ဥရောပပွဲတွေဆီကိုလည်း သွားဖို့ မလွယ်ဘူး။ တန်းဆင်းစရာ အကြောင်းလည်း မရှိဘူး။ နှစ်သင်းစလုံးက သူ့အတိုင်းအတာနဲ့သူ တည်ငြိမ်တဲ့ ကစား ဟန်လည်း ရှိတယ်။ ဒီပွဲမှာ စိတ်ဝင်စားစရာအကောင်းဆုံးအ ချက်က ဘုန်းမောက်ကို တန်းဆင်းရမယ့် အခြေအနေကနေ  ဆွဲထုတ်ပေးခဲ့ပြီးမှ ရာထူးက ထုတ်ပယ်ခံလိုက်ရတဲ့ အိုနေးလ် နဲ့ အသင်းဟောင်း ပြန်တွေ့တာ ဖြစ်ပြီး ဘုန်းမောက်အသင်း  ရွေးချယ်ခဲ့တဲ့ အီရာအိုလာနဲ့ ထိပ်တိုက်တွေ့ဆုံမှုက ကြည့် ကောင်းပါလိမ့်မယ်။ လက်ရှိ အနေအထားအရတော့ နှစ်သင်း စလုံး ခြေသိပ်မကွာပေမယ့် တိုက်စစ်ပိုင်းမှာ ဆိုလန်ကီဦးဆောင် တဲ့ဘုန်းမောက်ကို ပိုကြိုက်တယ်။ သရေကျဖို့ များပါတယ်။ 

ခရစ္စတယ်ပဲလေ့စ် – နယူးကာဆယ် (ကြာသပတေးနံနက် ၁း၃၀ နာရီ)


ခရစ္စတယ်ပဲလေ့စ်က အမှတ်အသည်းအသန်လိုနေတဲ့ လီဗာပူးလ်အသင်းကို အဝေးကွင်းမှာ အနိုင်ကစားခဲ့ပြီး ချန်ပီ ယံပြေးလမ်းကို ကမောက်ကမ ဖြစ်စေခဲ့တယ်။ ခရစ္စတယ်ပဲ လေ့စ်ရဲ့ အားသာချက်က လူပြန်စုံလာချိန်မှာ တစ်ဦးချင်း အား ကောင်းပြီး အမြန်နှုန်းတင်ကစားနိုင်တဲ့ ကစားသမားတွေ အ များကြီး ပါဝင်လာခြင်းဖြစ်တယ်။ မာတက်တာရဲ့ တိုက်စစ် က စားပုံက ကောင်းသလိုအီဇီ၊ အိုလီဆေးတို့နဲ့ လူစုံလာတဲ့ အ သင်းကို လန်ဒန်မြေမှာ နယူးကာဆယ် ခက်ခက်ခဲခဲ ကစားရ လိမ့်မယ်။ နယူးကာဆယ်က ဥရောပဝင်ခွင့်တစ်နေရာအတွက် ယူနိုက်တက်၊ ဝက်စ်ဟမ်း၊ ချယ်လ်ဆီးတို့နဲ့ အပြိုင်လုနေရတဲ့ အခြေအနေလည်းဖြစ်လို့ နိုင်ပွဲရှာဖို့ ကြိုးစားမှာပါ။ လက်ရှိ ရလဒ်လည်းကောင်းနေတယ်။ ဒါပေမဲ့ သရေကျဖို့များတယ်။ 

အဲဗာတန် – လီဗာပူးလ် (ကြာသပတေးနံနက် ၁း၃၀ နာရီ)

လီဗာပူးလ်က ဖူလ်ဟမ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ အ သင်းရဲ့ လူစာရင်းကို အပြောင်းအလဲ လုပ်ခဲ့တာတွေ့ရတယ်။ တိုက်စစ်ပိုင်းမှာ ဂက်ပို-ဂျိုတာ-လူးဝစ်ဒီယက်ဇ်တို့ကိုတင် ကစားခဲ့ပြီး တိုက်စစ်ပိုင်းမှာ ဖြုန်းတီးမှုတွေ အရမ်းများနေတဲ့  ဒါဝင်နူးနက်ဇ်၊ မိုဆာလာတို့ကို လူစာရင်းက ထုတ်ထားခဲ့ တယ်။ ကွင်းလယ်မှာလည်း ဂရာဗန်ဘက်ချ်-အန်ဒို-အဲလိ ယတ်တို့နဲ့ အပြောင်းအလဲတွေ လုပ်ထားတာကိုတွေ့ရတယ်။ ဒီပွဲမှာ ဒီကစားသမားတွေကို ဆက်သုံးရင်လည်း အားရစရာ ကောင်းသလို အနားပေးထားသူတွေ ပြန်ကစားလာရင်လည်း ပေါက်ကွဲပြလိမ့်မယ် ထင်တယ်။ အဲဗာတန်အသင်းရဲ့ ကွင်းမှာ မနှစ်က သရေကျခဲ့သလို အစဉ်အလာအားဖြင့်လည်း အဲဗာတန်ကွင်းက မာဆေးဆိုက်ဒ် ဒါဘီပွဲတွေက အကြိတ် အနယ် ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် လီဗာပူးလ်အသင်း ခက်ခက်ခဲ ခဲတော့ ကစားရလိမ့်မယ်။ အဲဗာတန်ကတော့ အခု အချိန်မှာ အမှတ်တွေ အလျှော့ခံရရင်းနဲ့တောင် တန်းဆင်းဇုန် ထဲက ရုန်းထွက်နေပြီး ရလဒ်တွေလည်း မဆိုးဘူးလို့ ပြောနိုင် တယ်။ ဒါပေမဲ့ ဒီပွဲမှာ အဲဗာတန်လီဗာပူးလ်အသင်းဆီက အမှတ်ရဖို့ မရှိပါဘူး။ လီဗာပူးလ်ပဲ နိုင်မယ်။ 

မန်ယူ – ရှက်ဖီးယူနိုက်တက် (ကြာသပတေးနံနက် ၁း၃၀ နာရီ)

မန်ယူနိုက်တက်အသင်းက နောက်ဆုံးကစားခဲ့တဲ့ FA ဖလားပွဲမှာ ကိုဗင်ထရီအသင်းကိုတောင် ၃ ဂိုးသွင်းပြီးမှ ၃ ဂိုး ပြန်ပေးခဲ့ရတယ်။ အသင်းရဲ့ခံစစ်ပိုင်းက ချယ်လ်ဆီးကို ၄ ဂိုး၊ လီဗာပူးလ်ကို ၂ ဂိုး၊ ဘုန်းမောက်ကို ၂ ဂိုးပေးပြီးနောက် ကိုဗင် ထရီကိုလည်း ဂိုးတွေ ဆက်ပေးခဲ့တာဖြစ်တယ်။ ကက်စီမီရိုကို  နောက်ခံအတွင်းလူနေရာမှာ ထားကစားတာလည်း အဆင်မ ပြေဘူး။ အတွေ့အကြုံနဲ့တောင် ထိန်းမကစားနိုင်ပဲ သာမန် အ ဆင့်ခြေစွမ်းမျိုးပဲ ပြသနိုင်တယ်။ ရှက်ဖီးယူနိုက်တက်ကလည်း  တော်တော်လေး စိတ်ပျက်စရာ ကောင်းတဲ့ ပုံစံကို ပြသနေတဲ့ အသင်းပါ။ ဒီအသင်းကိုတောင် ဂိုးတွေထပ်ပေးနေရဦးမယ်ဆို ရင်တော့ ယူနိုက်တက်က ထိုးစိုက်ဆင်းနေပြီလို့ ဆိုရမယ်။ နိုင် ပွဲကတော့ သေချာပါတယ်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments