ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ လာမည့်ရာသီအတွက် အပြောင်းအရွှေ့စျေးကွက် ဖွင့်လှစ်မည့်နေ့ရက်များကို အတည်ပြုထုတ်ပြန်ခဲ့ရာ နွေရာသီအပြောင်းအရွှေ့ကို ဇွန်(၁၄)တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။
ပရီးမီးယားလိဂ်အသင်းများအနေဖြင့် ဇွန်(၁၄)တွင် ကစားသမားခေါ်ယူမှု စတင်ပြုလုပ်နိုင်မည်ဖြစ်ပြီး စက်တင်ဘာ(၁)တွင် စျေးကွက်ပိတ်သိမ်းမည် ဖြစ်သည်။

ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်ကို ၂၀၂၄ ဇန်နဝါရီ(၁)ရက်မှ ဖေဖော်ဝါရီ(၁)ရက်အထိ ဖွင့်လှစ်မည်ဟု သိရသည်။
ပရီးမီးယားလိဂ်သည် ယခုနောက်ပိုင်းတွင် အပြောင်းအရွှေ့စျေးကွက်ကို ဦးဆောင်နေသည့်လိဂ်ဖြစ်ပြီး လာမည့်နွေရာသီ၌လည်း ငွေကြေးသုံးစွဲမှုများစွာ ပြုလုပ်လိမ့်ဦးမည်ဟု ထင်ကြေးပေးခံထားရသည်။







