Thursday, January 22, 2026
spot_img
spot_img

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီး ရေပန်းအစားဆုံး ပြန်ဖြစ်လာပြီး ဖြစ်နိုင်ခြေရာခိုင်နှုန်းလည်း အမြင့်ဆုံးပြန်ဖြစ်

၂၀၂၃-၂၄ ဘောလုံးရာသီ ပရီးမီးယားလိဂ်ချန်ပီယံရေပန်းစားမှုတွင် မန်စီးတီးအသင်း ထိပ်ဆုံးသို့ ပြန်ရောက်လာပြီး Opta ၏ ချန်ပီယံဖြစ်နိုင်ခြေရာခိုင်နှုန်း၌လည်း နံပါတ်တစ်နေရာသို့ ပြန်လည်တက်လှမ်းခဲ့ကြောင်း သိရသည်။

ဗြိတိန်လောင်းကစားကုမ္ပဏီတစ်ခုဖြစ်သည့် William Hill က ချန်ပီယံရေပန်းစားမှုတွင် မန်စီးတီးအသင်းကို (၆း၄)လေးဖြင့် ထိပ်ဆုံးနေရာပေးထားပြီး အာဆင်နယ်အသင်းက (ရး၄)လေး၊ လီဗာပူးလ်အသင်းက (၉း၄)လေး အသီးသီးရှိနေကြသည်။ ယခုရာသီ ချန်ပီယံ ဆုအတွက် လီဗာပူးလ်၊ မန်စီးတီးနှင့် အာဆင်နယ်(၃)သင်းသာ အပြိုင်လုရမည့် အနေအထားဖြစ်သော်လည်း ယင်းကုမ္ပဏီ၏ အလေးပေးချက်တွင် စပါးနှင့် အက်စတွန်ဗီလာကိုလည်း ထည့်သွင်းထားဆဲပင်ဖြစ်သည်။

ယင်းစာရင်းတွင် စပါးအသင်းက (၂၅၀၀း၁)လေး၊ အက်စတွန်ဗီလာအသင်းက (၄၅၀၀း၁)လေးဖြင့် ရပ်တည်လျက်ရှိသည်။ လက်ကျန်(၇)ပွဲတွင် အာဆင်နယ်အသင်းက အက်စတွန်ဗီလာ(အိမ်)၊ ဝုလ်ဗ်(အဝေး)၊ ချယ်လ်ဆီး(အိမ်)၊ စပါး (အဝေး)၊ ဘုန်းမောက်(အိမ်)၊ မန်ယူ(အဝေး)၊ အဲဗာတန် (အိမ်)၊ လီဗာပူးလ်အသင်းက ခရစ္စတယ်ပဲလေ့စ်(အိမ်)၊ ဖူလ်ဟမ်(အဝေး)၊ အဲဗာတန်(အဝေး)၊ ဝက်စ်ဟမ်း(အဝေး)၊ စပါး(အိမ်)၊ အက်စတွန်ဗီလာ(အဝေး)၊ ဝုလ်ဗ်(အိမ်)၊ မန်စီးတီးအသင်းက လူတန်(အိမ်)၊ ဘရိုက်တန်(အဝေး)၊ နော်တင်ဟမ်(အဝေး)၊ ဝုလ်ဗ်(အိမ်)၊ ဖူလ်ဟမ်(အဝေး)၊ ဝက်စ်ဟမ်း(အဝေး)၊ စပါး(အဝေး)အသင်းများနှင့် ကစားရမည်ဖြစ်သည်။

ပွဲစဉ်-၃၄ ဖြစ်သည့် စပါး-မန်စီးတီးပွဲသည် FA ဖလား ဆီမီးဖိုင်နယ်ကြောင့် ရွှေ့ဆိုင်းထားခြင်းဖြစ်ပြီး ပြန်လည်ကစားမည့်ရက်ကို မသတ်မှတ်ရသေးကြောင်း သိရသည်။ ယင်းပွဲကို မေလ (၁၆၊ ၁၇၊ ၁၈)ရက်များမှ တစ်ရက်တွင် ကစားသွားဖွယ်ရှိသည်။

Opta ၏စူပါကွန်ပျူတာက ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်များအပြီး ချန်ပီယံဖြစ်နိုင်ခြေအမြင့်ဆုံးစာရင်း နောက်ဆုံးထုတ်ပြန်မှု၌မန်စီးတီးအသင်းက ထိပ်ဆုံးနေရာသို့ ရောက်ရှိလာကြောင်း ထုတ်ပြန်ခဲ့သည်။ မန်စီးတီးအသင်းက ချန်ပီယံဖြစ်နိုင်ခြေ (၃၉.၇)ရာခိုင်နှုန်းဖြင့် ရေပန်းအစားဆုံး ဖြစ်လာပြီး ယခင်တွက်ချက်မှုမှာ (၃၃.၆) ရာခိုင်နှုန်းသာရှိကာ (၆.၁၉၇)ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

လီဗာပူးလ်အသင်းမှာ (၃၁.၃)ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး ယခင်အပတ်က (၄၅)ရာခိုင်နှုန်းရှိခဲ့ကာ (၁၃.၇)ရာခိုင်နှုန်း ကျဆင်းသွားခြင်းဖြစ်သည်။ အာဆင်နယ်အသင်းမှာ တတိယနေရာတွင်ပင် ဆက်ရှိနေသော်လည်း ဖြစ်နိုင်ခြေရာခိုင်နှုန်းများစွာမြင့်တက်လာခဲ့သည်။ အာဆင်နယ် အသင်းသည် ပြီးခဲ့သည့်အပတ်က (၂၁.၄) ရာခိုင်နှုန်းသာရှိခဲ့ရာမှ (၂၉)ရာခိုင်နှုန်း မြင့်တက်လာပြီး (၇.၆)ရာခိုင်နှုန်းအထိ တိုးလာခဲ့ကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments