Monday, February 9, 2026
spot_img
spot_img

ပရီးမီးယားလိဂ်ချန်ပီယံလုပွဲ၌ မန်စီးတီးအသင်းသာ အနိုင်ရလိမ့်မည်ဟု ရွိုင်ကင်း သုံးသပ်

ယခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံလုပွဲတွင် အာဆင်နယ်အသင်းသည် မန်စီးတီးကို အရှုံးပေးရလိမ့်မည်ဟု မန်ယူကွင်းလယ်လူဟောင်း ရွိုင်ကင်းက သုံးသပ်ခဲ့သည်။ 

လက်ရှိတွင် အာဆင်နယ်အသင်းက တစ်ပွဲပို (၈)မှတ်အထိ ဖြတ်ထားသော်လည်း ရွိုင်ကင်းက မန်စီးတီးအသင်းသာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မည်ဟု ယူဆနေခြင်းဖြစ်သည်။

“သူတို့(အာဆင်နယ်)ဟာ ထူးကဲတဲ့အနေအထားတစ်ခုမှာ ရှိနေပါတယ်။ ရာသီအစတုန်းက ဒီလိုဖြစ်လာမယ်လို့တောင် မတွေးထားခဲ့ပါဘူး။ ဒါပေမဲ့ သူတို့က လက်ဖျားခါလောက်ပြီး လူငယ်ကစားသမားတွေကလည်း အလွန်ညီညွတ်ပါတယ်။ ပြီးတော့ လိဂ်ပြိုင်ပွဲအပေါ်မှာပဲ သူတို့ အာရုံစိုက်ထားတာပါ။  သူတို့ဟာ ချန်ပီယံဆုအတွက် လုံးဝရေပန်းစားတဲ့အသင်းပါ။ သူတို့ ဒါကို လုပ်နိုင်မယ်လို့တော့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော်ကတော့ စီးတီးကို ပိုကြိုက်နေတုန်းပါပဲ။ အာဆင်နယ်အသင်းဟာ ပွဲတွေကို အနိုင်ကစားနိုင်ပေမဲ့ သူတို့မှာ ဖိအားတွေရှိနေတာ သိသာပါတယ်။ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဒီအနေအထားကို သူတို့ မကြုံတွေ့ခဲ့ဖူးပါဘူး။ ဒါက မေးခွန်းထုတ်စရာပါပဲ”ဟု ရွိုင်ကင်းက ပြောကြားခဲ့သည်။ 

အာဆင်နယ်အသင်းသည် ယခုအပတ်တွင် ပရီးမီးယားလိဂ်ပွဲစဉ် (၃၀) အဖြစ် လီဗာပူးလ်အသင်းကို အဝေးကွင်းတွင် သွားရောက် ရင်ဆိုင်ရမည်ဖြစ်ပြီး မန်စီးတီးအသင်းမှာမူ အမှတ်ပေးဇယားအောက်ဆုံးမှ ဆောက်သမ်တန်အသင်းနှင့် အဝေးကွင်းတွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments