မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် က အောက်တိုဘာ ကတည်းက အသင်း အတွက် မပါဝင်ပေးနိုင်ခဲ့တဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဂျေဒန် ဆန်ချိုဟာ ရီးဒင်းနဲ့ ပွဲအမီ အသင်းရဲ့ ကစားသမား စာရင်းထဲ ပါဝင်လာနိုင်တယ်လို့ ပြောခဲ့လိုက်ပါတယ် ။

ဂျေဒန် ဆန်ချိုဟာ ချဲလ်ဆီး အသင်းနဲ့ တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့တဲ့ အောက်တိုဘာ 22 ရက်နေ့ ကတည်းက အသင်းအတွက် ပြန်လည်ကစားပေးနိုင်ခြင်း မရှိခဲ့ပဲ နိုဝင်ဘာလမှာပဲ လူမှုကွန်ယက်တွေအထက်ကနေ အနားယူသွားခဲ့တာပဲ ဖြစ်ပါတယ် ။
အဲ့ဒီနောက် အဲရစ် တန်ဟတ် က နည်းပြ အချို့ကို ဆန်ချို နဲ့ အတူ နယ်သာလန် ဆီ ခရီးထွက်စေခဲ့ပြီး သီးခြား လေ့ကျင့်စေခဲ့ပါတယ် ။ အဲ့ဒီနောက် ဆန်ချိုဟာ နိုဝင်ဘာ ၊ ဒီဇင်ဘာ လတွေအတွင်း နယ်သာလန် မှာပဲ သီးခြားလေ့ကျင့်ရင်း အချိန်တွေ ကုန်ဆုံးစေခဲ့တာပဲ ဖြစ်ပါတယ် ။
အခုတော့ သောကြာနေ့ လေ့ကျင့်းရေးအစီအစဥ် ပြီးဆုံးသွားခဲ့တဲ့နောက် ဂျေဒန် ဆန်ချိုဟာ ရီးဒင်းနဲ့ ကစားရမယ့် အသင်းရဲ့ ကစားသမားစာရင်းထဲ ပြန်လည် ပါဝင်လာနိုင်မလားလို့ အမေးခံလိုက်ရချိန်မှာ တန်ဟတ် က သတင််းကောင်း အချို့ ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

” ကျွန်တော်တို့ အသင်းမှာ ပြသနာတွေ အမြဲလို ရှိနေခဲ့ရပါတယ်။ ဒါပေမဲ့ မနက်ဖြန်မှာတော့ ကျွန်တော်တို့တွေဟာ ပိုကောင်းတဲ့ ကစားသမား စာရင်းကို ရွေးချယ်ခွင် ရရှိနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့မှာ ပွဲစဥ်တွေကို cover လုပ်နိုင်မယ့် ကစားသမား စာရင်း ရှိနေပါပြီ ”
” သူ (ဆန်ချို) ဟာ အသင်းနဲ့ လေ့ကျင့်နေခဲ့ပြီး ဘာဖြစ််လာမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရပါတော့မယ်။ သူ တိုးတက်လာပါတယ် ၊ အဆင့်တွေလည်း တစ်ဆင့်ပြီး တစ်ဆင့် တက်လာနိုင်ခဲ့ပါတယ် ။ လေ့ကျင့်ရေးတွေ ပြီးဆုံံးသွားရင် ကျွန်တော်တို့ ဆုံးဖြတ်ကြမှာပါ ”
” သူ ပြန်လာနိုင်မယ့် လမ်းကြောင်းပေါ် ရောက်ရှိနေပြီ ၊ တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်နေပြီ ၊ လေ့ကျင့်ရေးကွင်းထဲ ပြန်လာတော့မယ် ဆိုတဲ့ အကြောင်းတွေကို ကျွန်တော် ပြောနှင့်ပြီးသားပါ ။ ပွဲတွေကစားဖို့ အသင့်ဖြစ်ပြီလားဆိုတာတော့ စောင့်ကြည့်ကြရပါတော့မယ် ” လို့ တန်ဟတ် က ပြောလိုက်တာပဲ ဖြစ်ပါတယ် ။

အဲ့ဒီနောက် ကြွက်သား ဒဏ်ရာ ရရှိနေခဲ့တဲ့ ဒါးလော့ဟာ ပြန်လည် ပါဝင်ဦးမှာ မဟုတ်သေးကြောင်း ၊ လုခ်ရှော ရဲ့ အနေအထား က မေးခွန်းထုတ်စရာ အဖြစ် ရှိနေကြောင်း ၊ မာရှယ် ပြန်လာနိုင်ဦးမှာ မဟုတ်သေးကြောင်း သတင််းပေးရင်း ရီးဒင်း နဲ့ ကစားရမယ့် FA ဖလား ပွဲအပေါ် …
” ကစားသမား စာရင်းက စာရွက်ပေါ်မှာပဲ ရှိနေတာပါ ။ ကျွန်တော်တို့ ပြိုင်ဖက်ကို လျှော့တွက်လို့ မရနိုင်ပါဘူး ။ စာရွက် ကြည့်ပြီး ဘောလုံးမှာ ဘာတွေ ဖြစ်လာမလဲဆိုတာကို ဆုံးဖြတ်လို့ မရနိုင်ဘူးလေ ။ ကျွန်တော်တို့ ပွဲစဥ်တိုင်းအတွက် အသင့်ရှိနေဖို့ လိုအပ်ပါတယ် ”
” အထူးသဖြင့် ဖလားပွဲတွေက ပိုခက်ပါတယ် ။ ဒါဟာ အသင်းတိုင်းအတွက် နိုင်ဖို့အခွင့်အရေးရှိတဲ့ ပွဲစဥ်တွေပဲလေ ။ ကျွန်တော်တို့ အဲ့တာကို နားလည်ထားဖို့လိုပါတယ် ။ ကျွန်တော်တို့ တိုက်စစ်ဆင် ကစားရင်း ၊ အာရုံ စူးစိုက်ရင်း ခွန်အား အပြည့်နဲ့ ကစားပြရပါ့မယ် ”
” ကျွန်တော်တို့ ပွဲစဥ်တိုင်း အနိုင်ကစားချင်ကြ ပါတယ် ။ ဒါကြောင့် ကျွန်တော်တို့ ပွဲစဥ်တိုင်း ကောင်းမွန်တဲ့ အစီအစဥ်တွေ ရေးဆွဲကြရပါတယ် ။ ဒါဟာ ကျွန်တော်တို့ အတွက်် အရေးကြီးတဲ့ ပွဲစဥ်ပါပဲ ” လို့ တန်ဟတ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။






