Tuesday, January 20, 2026
spot_img
spot_img

ပင်နယ်တီ မကန်မှီ ဘယ်လင်ဂမ် သူ့ကို ဘာပြောပြီး နှောင့်ယှက် ခဲ့သလဲ ဆိုတာ ဖွင့်ဟလာတဲ့ ဟယ်ရီကိန်း

ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်း ဟာ ရီးယဲလ်မက်ဒရစ် အသင်း နဲ့ တစ်ဖက် နှစ်ဂိုးစီ သရေ ကျခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ သူ ပင်နယ်တီ မကန်သွင်းမှီ ပြိုင်ဘက် ကစားသမား လည်း ဖြစ်သလို နိုင်ငံ အသင်းဖော်လည်း ဖြစ်တဲ့ ဘယ်လင်ဂမ် တစ်ယောက် သူ့ကို ဘာပြောခဲ့သလဲ ဆိုတာ ထုတ်ဖော် ပြောကြား လာခဲ့ပါတယ် ။

Allianz Arena မှာ ကစားခဲ့တဲ့ ပွဲမှာ ရီးယဲလ်မက်ဒရစ် အသင်းဟာ ဗင်နီးရှပ် ရဲ့ သွင်းဂိုးနဲ့ ပွဲကို စတင် ဦးဆောင် နိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ် အသင်းဘက်က ဒုတိယပိုင်း စပြီး ၁၂ မိနစ် အတွင်း ဆာနေး ရဲ့ သွင်းဂိုး ၊ကိန်း ရဲ့ ပင်နယ်တီ သွင်းဂိုး နဲ့ အတူ ပွဲကို ပြန်လည် ဦးဆောင် နိုင်ခဲ့ပါတယ် ။ အဲ့ဒီနောက် ပွဲပြီးခါနီးမှာ ရီးယဲလ်မက်ဒရစ် အသင်း ပင်နယ်တီ ပြန်ရခဲ့ပြီး ဗင်နီးရှပ် က အဆုံးသတ် နိုင်ခဲ့တာကြောင့် တစ်ဖက် နှစ်ဂိုးစီ သရေနဲ့ပဲ ပွဲပြီးဆုံး သွားခဲ့ပါတယ် ။

ပွဲအပြီး TNT Sports နဲ့ အင်တာဗျူးမှာ ဟယ်ရီကိန်း က သူ ပင်နယ်တီ ကန်မသွင်းမှီ ဂိုးမဝင်အောင် နိုင်ငံ အသင်းဖော် ဘယ်လင်ဂမ် က ပြောဆို နှောင့်ယှက် ခဲ့ကြောင်း ပြောကြား သွားခဲ့ပါတယ် ။ ” အဲ့တုန်းကတော့ သူ ဘာပြောမှန်း ကျနော် မသိပါဘူး ။ သူ ဘေးနားမှာ ရှိပြီး စကားတွေ ပြောနေတယ်ဆိုတာ သိပေမယ့် ဘာပြောနေမှန်းကို မသိခဲ့ပါဘူး ။ ”

” ပွဲပြီးမှ သူ က ကျနော် ဘယ်ဘက်ကို ကန်မယ် ဆိုတာ သိကြောင်း ပြောတာလို့ ပြန်ပြောပါတယ် ။ သူက ဂိုးသမားကို ပြောပြဖို့ ကြိုးစား နေခဲ့တာပါ ၊ ဂိုးသမား က အနည်းငယ် နေရာယူစောသွားတာကို မြင်လိုက်တော့ ကျနော်လည်း ပင်နယ်တီကို အေးအေးဆေးဆေး ကန်ထည့်လိုက်တာပါပဲ ။ ကောင်းမွန်တဲ့ ပင်နယ်တီ ကန်သွင်းချက် ဖြစ်ခဲ့တယ်လို့ မြင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments