Wednesday, February 11, 2026
spot_img
spot_img

နှလုံးသားနှင့်ဦးနှောက်ကို အသုံးချ၍ ဘင်ဖီကာကို ရင်ဆိုင်သွားမည်ဖြစ်ကြောင်းအင်ဇာဂီထုတ်ပြော

အင်တာမီလန်အသင်းသည် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့အဖြစ် ဘင်ဖီကာအသင်းကို အဝေးကွင်းတွင် ရင်ဆိုင်ကစားရန်ရှိနေသည်။ အင်တာမီလန်အသင်းနည်းပြချုပ် အင်ဇင်ဂီက ထိုပွဲတွင် စီးရီးအေအသင်းအနေဖြင့် ဦးနှောက်နှင့်နှလုံးသားကို အသုံးချနိုင်ရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

နည်းပြချုပ်ရှမစ်၏အသင်းသည် လက်ရှိဘောလုံးရာသီတွင် ပေါ်တူဂီလိဂ်၌ ထိပ်ဆုံးမှ ဦးဆောင်နေနိုင်သလို ဥရောပတွင်လည်းရှုံးပွဲမရှိခြေစွမ်းပြနေခြင်းကြောင့် အင်တာမီလန်မှ ခက်ခက်ခဲခဲ ကစားရဖွယ်ရှိနေကြောင်း မီဒီယာများက သုံးသပ်ဖော်ပြသည်။

အင်ဇာဂီက အင်တာမီလန်အသင်းအနေဖြင့် ဦးနှောက်နှင့်နှလုံးသားပူးပေါင်း၍ ကစားလျှင် ဘင်ဖီကာအသင်းကို ကျော်လွှားနိုင်ဖွယ်ရှိကြောင်းထုတ်ဖော်ပြောဆိုလိုက်သည်။ “ဘင်ဖီကာနဲ့ ပွဲက အရေးပါပြီး ကစားရခက်မယ်ဆိုတာကို သိပြီးသားပါ။ ဘင်ဖီကာဆိုတာ အရည်အသွေးသိပ်ကောင်းတဲ့ ပြိုင်ဘက်ဖြစ်ပါတယ်။ သူတို့နဲ့ရင်ဆိုင်ရတဲ့ပွဲမှာ အင်တာအနေနဲ့ တိုက်စစ်နဲ့ ခံစစ်ကို လိုသလို ကစားနိုင်ဖို့လိုပါတယ်။ အင်တာအနေနဲ့ ဦးနှောက်ကိုရော ရင်ထဲက နှလုံးသားကိုပါ အသုံးချပြီးကစားရမယ့် ပွဲမျိုးဖြစ်ပါတယ်။ ဘင်ဖီကာမှာ ပါရမီရှင်ဘောလုံးသမားတွေ အများကြီးရှိနေပြီး နေရာလွတ်တွေကို ကောင်းကောင်းအသုံးချနိုင်သလို ဘောလုံးကို အကောင်းဆုံးရွှေ့လျားထိုးဖောက်နိင်တဲ့ အသင်းမျိုးဖြစ်ပါတယ်။ ဘင်ဖီကာလို ပြိုင်ဘက်နဲ့ရင်ဆိုင်ရတဲ့နေရာမှာ အင်တာအနေနဲ့ ဘာလုပ်ရမယ်ဆိုတာကို သိထားဖို့လိုပါတယ်”ဟု အင်ဇာဂီက ပြောဆိုလိုက်သည်။ အင်တာသည်လက်ရှိအချိန်တွင်စီးရီးအေအဆင့် ၅ နေရာ၌ရပ်တည်နေသလို သောကြာနေ့က ကစားသည့် ပွဲတွင် ဆာလာနီတာနာနှင့်သရေကျခဲ့သည်။  

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments