Friday, March 13, 2026
spot_img
spot_img

နှစ်ပေါင်းများစွာ ဝေးကွာနေသည့် ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်ပြီ ဖြစ်သော်လည်း မိမိတို့ နောက်တစ်ဆင့်တက်ရန် လိုသေးသည်ဟု အာတီတာ ဆို

အာဆင်နယ်အသင်း၏ နည်းပြဖြစ်သူ မီခေးလ်အာတီတာက မိမိတို့အသင်းသည် နှစ်ပေါင်းများစွာ ဝေးကွာနေသည့် ယုံကြည်မှုတစ်ခုကို ပြန်လည်တည်ဆောက်နိုင်ပြီဖြစ်သော်လည်း အောင်မြင်မှုများ ရယူနိုင်ရန်အတွက် နောက်ထပ်အဆင့်တစ်ဆင့်ကို တက်လှမ်းရဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် အသင်း၏ ဂန္ထဝင်နည်းပြဟောင်း အာစင်ဝင်းဂါးနှင့်အတူ ပရီးမီးယားလိဂ်ခေတ်ဦးပိုင်းကာလများတွင် အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သော်လည်း နောက်ပိုင်းနှစ်များတွင် အောင်မြင်မှုများနှင့် ဝေးကွာသည့်အခြေအနေတွင် ရှိခဲ့သည်။

အမှတ်ပေးချန်ပီယံဖလားကို မျှော်လင့်နိုင်သည့် အခြေအနေမျိုးနှင့် ဝေးကွာခဲ့ပြီး အဆင့် (၄ )နေရာအတွက်သာ အမြင့်ဆုံးထားယှဉ်ပြိုင်ရသည့်အခြေအနေမျိုးတွင် နှစ်ပေါင်းများစွာ ကြာမြင့်လာခဲ့ပြီးနောက် ယခုအချိန်တွင်မူ ယခင်က ယုံကြည်မှုမျိုးကို ပြန်လည်တည်ဆောက်နိုင်ခဲ့ပြီဖြစ်ကြောင်း အာတီတာက ပြောကြားခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးတွင် ကာလအတန်ကြာ ဦးဆောင်ခဲ့ပြီးနောက် နောက်ပိုင်းတွင် မန်စီးတီးအသင်း၏ ကျော်ဖြတ်ခြင်းခံခဲ့ရပြီး အမှတ်ပေးဇယား ဒုတိယနေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။

ယခုရာသီတွင်မူ ပိုမိုအားကောင်းသည့် ယှဉ်ပြိုင်မှုကို ပြသနိုင်ခဲ့ပြီး အမှတ်ပေးဇယားထိပ်တွင် ဆက်လက်ဦးဆောင်ခဲ့သလို၊ မန်စီးတီးအသင်း၏ ကျော်တက်ခြင်းကိုခံခဲ့ရပြီးချိန်တွင်လည်း  ဆက်လက်ဖိအားပေးနိုင်ခဲ့ကာ ရာသီပိတ်ပွဲစဉ်အထိ ချန်ပီယံအိပ်မက်ကို မက်ခွင့်ရရှိခဲ့သည်။

အာတီတာက ”ကျွန်တော်တို့အားလုံး နည်းနည်းလေးတော့ စိတ်ပျက်မိပါတယ်။ ကျွန်တော်တို့အသင်းဟာ အမြင့်မားဆုံးအိပ်မက်အတွက် အချိန်အကြာကြီး တိုက်ပွဲဝင်ခဲ့ရတယ်။ ကျွန်တော်တို့ အရမ်းလည်းနီးစပ်ခဲ့ပါတယ်။ ကျွန်တော့် ကစားသမားအားလုံးအတွက် ကျွန်တော် ဂုဏ်ယူမိပါတယ်။ ကျွန်တော့်အသင်းအတွက်လည်း ကျွန်တော် ဂုဏ်ယူမိပါတယ်။ ပြီးတော့ ကျွန်တော်တို့ လျှောက်လှမ်းခဲ့တဲ့ လမ်းခရီးတစ်လျှောက် တောက်လျှောက်လိုက်ပါ အားဖြည့်ပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ဟာ အခုအချိန်မှာ ကလပ်အသင်းရဲ့ သွင်ပြင်လက္ခဏာကို ပြောင်းလဲနိုင်ခဲ့ပါပြီ။ ခင်ဗျားတို့ (အသင်းပရိသတ်များ) အားလုံး အခုအချိန်မှာ ကျွန်တော်တို့အသင်းအပေါ် ယုံကြည်မှုရှိလာပါပြီ။ ကျွန်တော်တို့အသင်း လိုအပ်နေတဲ့အရာက အဲဒီယုံကြည်မှုပါ။ အချိန်တွေအကြာကြီး လွဲချော်နေခဲ့တာပါ။ အခုအချိန်မှာ ကျွန်တော်တို့ ဒါကို ပြောင်းလဲနိုင်ခဲ့ပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ အမြင့်မားဆုံးအောင်မြင်မှု တွေအတွက်ဆိုရင် နောက်တစ်ဆင့်ကိုတက်နိုင်ဖို့ လိုနေပါသေးတယ်”ဟု ဆိုခဲ့သည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments