Tuesday, January 13, 2026
spot_img
spot_img

နှစ်နှစ်အတွင်း ပထမဆုံးအိမ်ကွင်းရှုံးပွဲအတွက် PSG အသင်းနည်းပြ ဂယ်လ်ချီ တောင်းပန်

PSG အသင်းနည်းပြ ဂယ်လ်ချီသည် ရန်းစ်အသင်းအား အိမ်ကွင်း၌ ရှုံးနိမ့်ပြီး လီဂူး-၁ ပြိုင်ပွဲတွင် နှစ်နှစ်အတွင်း ပထမဆုံး အိမ်ကွင်းရှုံးပွဲ ကြုံတွေ့ခြင်းအတွက် ပရိသတ်များအား တောင်းပန်ခဲ့ကြောင်း သိရသည်။

PSG အသင်းသည် လီဂူး-၁ ပွဲစဉ် (၂၈)အဖြစ် တနင်္ဂနွေနေ့က ရန်းစ်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ အိမ်ကွင်း၌ (၀-၂) ဂိုးဖြင့် ရှုံးနိမ့်ပြီး ၂၀၂၁ ခုနှစ် ဧပြီနောက်ပိုင်း အမှတ်ပေးပြိုင်ပွဲ အိမ်ကွင်းပွဲတွင် ပထမဆုံး ရှုံးပွဲရင်ဆိုင်ခဲ့ရသည်။

ထို့ကြောင့် PSG အသင်းပရိသတ်များက ပွဲအပြီးတွင် လှောင်ပြောင်ခဲ့ကြရာ ဂယ်လ်ချီက ”ကျွန်တော်တို့ အရမ်းဆိုးရွားတဲ့ပွဲတစ်ပွဲ ကစားခဲ့တယ်ဆိုတာ သေချာပါတယ်။ ပြောစရာလည်း နည်းနည်းပဲရှိပါတယ်။ ဒီကွင်းထဲမှာ အမြဲတမ်းရှိနေကြတဲ့ ပရိသတ် တွေအတွက် ကျွန်တော် စိတ်မကောင်းပါဘူး”ဟု တောင်းပန်စကားပြောကြားသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments