Monday, February 9, 2026
spot_img
spot_img

နံနက်ခင်း အားကစား သတင်းများ

မနေ့ညက ကစားခဲ့တဲ့ ခါရာဘောင်ဖလား တတိယအဆင့် ပွဲစဉ်တွေမှာ တော့တင်ဟမ် ဟော့စပါး အသင်းဟာ ဖူလ်ဟမ် အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရပါတယ် ။ စပါး နဲ့ ဖူလ်ဟမ် ဟာ ပွဲချိန်အတွင်း ၁ ဂိုးစီ သရေကျနေခဲ့တာကြောင့် ပင်နယ်တီ ကန်သွင်းကြရာမှာ ဖူလ်ဟမ် က ၅-၃ နဲ့ အနိုင် ရရှိခဲ့တာပဲ ဖြစ်ပါတယ် ။

ဂျာမန် ကလပ် ဖရန့်ဖတ် အသင်းဟာ တိုက်စစ်မှူး ကိုလို မူအာနီ အတွက် ယူရို သန်း ၉၀ ဈေးသတ်မှတ်ထား ပါတယ် ။ မူအာနီ ကတော့ ဖရန့်ဖတ် အသင်းက သူ့အပေါ် လုပ်ဆောင်ပေးခဲ့တာတွေကို ကျေးဇူးတင်ပေမယ့် PSG ကို ပြောင်းရွှေ့ခွင့်ပြုဖို့ တရားဝင် ထုတ်ဖော်ရေးသားထားခဲ့ ပါတယ် ။

ဘာစီလိုနာ အသင်းကတော့ အပြောင်းအရွှေ့ မပိတ်ခင်မှာ အက်သလက်တီကို မက်ဒရစ်တိုက်စစ်မှူး ဖဲလစ် ကို အရ ခေါ်ယူနိုင်ဖို့ အရှိန်မြှင့် လုပ်ဆောင်နေပါတယ် ။ ဘာဆာ နည်းပြ ဇာဗီ ဟာ အသင်းမှာ နေရာ မရလို့ ထွက်ခွာလိုပါက အန်ဆုဖာတီ ကို တားဆီး ပိတ်ပင်ထားမှာ မဟုတ်ဘူးလို့လည်း ကြားသိရပါတယ် ။

အေစီမီလန် အသင်းကတော့ အီရန် တိုက်စ်စမှူး တာရီမီ ကို ခေါ်ယူဖို့ ပေါ်တို အသင်းထံ ကမ်းလှမ်းမှု ပြုလုပ် သွားခဲ့ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး နောက်ခံလူ ဒီဂျပ် စပန့်စ် ကတော့ လိဒ်ယူနိုက်တက် အသင်းဆီ အငှားနဲ့ ထွက်ခွာ သွားတော့မယ်လို့ သိရှိရပါတယ် ။

ချဲလ်ဆီး ဘယ်နောက်ခံလူ ကူကူရီယာ ဟာ မန်ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ဖို့ ပါစင်နယ် သဘောတူညီမှု ပြုလုပ်သွားခဲ့ပြီ ဖြစ်ပါတယ် ။ ယူနိုက်တက် ဘက်ကလည်း ဘယ်နောက်ခံလူသစ် နေရာအတွက် ကူကူရီယာ ကိုသာ အာရုံစိုက်လာခဲ့ပြီး စက်တင်ဘာ ၁ ရက်နေ့ ( အပြောင်းအရွှေ့ မပိတ်ခင် ) အပြီးသတ်နိုင်ဖို့ ချဲလ်ဆီး နဲ့ ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်နေပြီ ဖြစ်ပါတယ် ။

နော်တင်ဟမ် ဖောရက်စ် ကတော့ အာဆင်နယ် နောက်ခံလူ နူနို တာဗာရက်စ် ကို အငှားနဲ့ ခေါ်ယူဖို့ သဘောတူ လိုက်ပြီဖြစ်ပါတယ် ။

အာဆင်နယ် အသင်းဟာ ကွင်းလယ်လူ စမစ်ရိုး အတွက် ချဲလ်ဆီးရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ သိရပါတယ် ။

ဆော်ဒီ ကလပ် အယ်လ်တိုင် အသင်းဟာ မန်ယူနိုက်တက် နဲ့ ဆိုဆီဒက် တောင်ပံကစားသမားဟောင်း အဒမ် ယာနူဇက် ကို ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ် ။ ဒါ့အပြင် ဆော်ဒီ ပရိုလိဂ် ကိုယ်စားလှယ်တွေဟာ ဝက်စ်ဟမ်း ကွင်းလယ်လူ ပါဘလို ဖောနယ်စ် ကိုလည်း ခေါ်ယူနိုင်ဖို့ လန်ဒန် ကလပ် နဲ့ ချိတ်ဆက်မှု ပြုလုပ် နေပါတယ် ။

ဝုဗ် အသင်းဟာ ပါရာဂွိုင်း တောင်ပံ ကစားသမား အန်ဆို ဂွန်ဇာလက် ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတာကြောင့် မက်သီးယပ်စ် နူညက်ဇ် ကို မန်စီးတီး အသင်းဆီ ရောင်းထုတ်သွားဖို့ သေချာသလောက် ရှိနေပြီ ဖြစ်ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments