Thursday, January 22, 2026
spot_img
spot_img

နောက်ဆုံးရ အားကစား သတင်းများ

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းဟာ လူတန်တောင်း အသင်းကို ၅-၁ နဲ့ အနိုင် ကစားပြီး ဒီကနေ့ည ကစားမယ့် ပွဲစဉ်တွေ မတိုင်ခင်မှာ အဆင့် ၁ နေရာကို ပြန်လည် သိမ်းပိုက် ထားနိုင်ခဲ့ ပါတယ် ။

မန်ယူနိုက်တက် ကတော့ ဘုန်းမောက် နဲ့ ၂ ဂိုးစီ သရေကျပြီး ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ ပိုမို ဝေးကွာ လာခဲ့ပါတယ် ။

စပါး အသင်းဟာလည်း နယူးကာဆယ် အသင်းကို အဝေးကွင်းမှာ ၄-၀ နဲ့ ဂိုးပြတ် ရှုံးနိမိ့်သွားခဲ့ပါတယ် ။ ဝုဗ် နဲ့ နော်တင်ဟမ် ဖောရက်စ် တို့ ၂ ဂိုးစီ သရေကျခဲ့ပြီး ဘန်လေ နဲ့ ဘရိုက်တန် တို့ကတော့ ၁ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ ပါတယ် ။

စပိန် လာလီဂါ မှာတော့ ရီးရဲမက်ဒရစ် ရော ဘာစီလိုနာ ပါ ကျဉ်းမြောင်းတဲ့ ရလဒ်တွေနဲ့ အနိုင်ရရှိ ခဲ့ကြပါတယ် ။

ရီးရဲ ဟာ အဝေးကွင်းမှာ မာယော့ကာ ကို ချူအာမန်နီ ရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင်ရခဲ့သလို ဘာစီလိုနာ ကလည်း ကာဒိဇ် ကို အဝေးကွင်းမှာ ဖဲလစ် ရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင်ရရှိခဲ့ ပါတယ် ။

အီတလီ မှာတော့ အဆင့် ၄ နေရာအထိ ရောက်နေတဲ့ ဘိုလော့ညာ တို့ သရေကျသွားခဲ့တာကြောင့် ရိုးမား အတွက် အခွင့်အရေး ပေါ်လာခဲ့ပါတယ် ။

ဂျာမန် ဘွန်ဒစ်လီဂါ မှာတော့ ဘိုင်ယန်မြူးနစ် က ကိုလုံး အသင်းကို ၂-၀ နဲ့ အနိုင် ကိစားသွားနိုင်ခဲ့ပါတယ် ။

အပြောင်းအရွှေ့ သတင်းတွေမှာတော့ မန်ချက်စတာ ယူနိုက်တက် ဟာ ဘရန့်ဖိုဒ့် တိုက်စစ်မှူး အိုင်ဗန် တိုနေး ကို လာမယ့် နွေရာသီအတွက် ပစ်မှတ်ထား စိတ်ကူးလာတယ်လို့ သိရပါတယ် ။

မန်ယူနိုက်တက် တိုက်စစ်မှူး မားကပ် ရက်ဖိုဒ့် ကိုတော့ PSG အသင်းက စိတ်ဝင်စားမှု လျော့ကျ လာပြီး ဗစ်တာ အိုဆီမန် ကို အရ ခေါ်ယူနိုငိဖို့ကိုသာ အားစိုက် လုပ်ဆောင်ဖွယ် ရှိနေပါတယ် ။

တော့တင်ဟမ် ဟော့စပါး နဲ့ ဝက်စ်ဟမ်း အသင်းတို့ဟာ ဖူလ်ဟမ် နောက်ခံလူ တိုဆင် အာဒရာဘိုင်အိုယို ကို နွေရာသီ အပြောင်းအရွှေ့မှာ အပြိုင် ကမ်းလှမ်းဖို့ ရှိနေတယ်လို့ ကြားသိရပါတယ် ။

စပါး အသင်းဟာ ချဲလ်ဆီး ကနေ အငှားခေါ်ယူထားတဲ့ လူးဝစ် ဟော ကို ပေါင် ၂၈ သန်းနဲ့ အပြီးသတ် ခေါ်ယူနိုင်မယ့် သဘောတူညီချက် ကို အသက်သွင်းလိုက်ပြီလို့ သိရပါတယ် ။

နယူးကာဆယ် ကွင်းလယ်လူ ဘရူနို ဂွီမာရက်စ် ကတော့ သူဟာ နယူးကာဆယ်မှာ ပျော်ရွှင်နေပြီး ဆက်လက် ကစားသွားနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ထုတ်ဖော်ပြောဆို သွားခဲ့ ပါတယ် ။

အဲဗာတန် အသင်းရဲ့ ကွင်းသစ် တည်ဆောက်ရေး စီမံကိန်း ကတော့ နောက်တဆင့် တက်ဖို့ အတွက် ဘဏ္ဍာငွေ လုံလုံလောက်လောက် မရှိတာကြောင့် မျှော်လင့်ထားတာထက် ပိုမိုကြန့်ကြာမယ့် အနေအထားနဲ့ ကြုံတွေ့ နေရတယ်လို့ သိရှိရပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments