Tuesday, January 20, 2026
spot_img
spot_img

နောက်ခံလူ မန်ဒီက ပေါင်ဒဏ်ရာရရှိခဲ့တာဖြစ်ကြောင်း အတည်ပြုလိုက်တဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်မှာ ဒဏ်ရာပြသနာနဲ့ ပက်သက်ပြီး များပြားနေတာဖြစ်ပါတယ်။ အသင်းမှာ ကာဗာဂျယ်၊ မီလီတာအိုနှင့် ကာမာဗင်ဂါ တို့ကို လောလောဆယ်မှာ လက်လွှတ်ထားရတာဖြစ်ပြီး စနေနေ့တွင် နောက်ထပ် ထိုးနှက်ချက် ၃ ခု ရှိခဲ့တာဖြစ်ပါတယ်။

ဂျီရိုနာနဲ့ ပွဲမစခင်မှာပင် ရိုဒရီဂိုဟာ ကြွက်သားနားကျင်နေပါတယ်လို့ ရီးရဲလ်မက်ဒရစ်က အတည်ပြုခဲ့ပါတယ်။ အဆိုပါပဲပွဲမှာ ဘယ်လင်ဂမ်က အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ထားပေမယ့် ဒဏ်ရာရရှိခဲ့သလို ဒုတိယပိုင်းတွင် မန်ဒီကလည်း အပြင်းထန်ဆုံး ဒဏ်ရာပြဿနာကို ခံစားခဲ့ရပါတယ်။

မန်ဒီသည် ပေါင်ဒဏ်ရာရရှိသွားပြီဖြစ်ကြောင်း ရီးရဲလ်မက်ဒရစ်အသင်းက အတည်ပြုခဲ့ပြီး ကစားသမားရဲ့ ပြန်လည်ကောင်းမွန်လာမည့်အချိန်ကိုတော့ မသိရသေးပါဘူး။ သို့သော်လည်း အင်္ဂါနေ့ အတ္တလန်တာနှင့်ပွဲစဉ်ကို လွဲချော်မည်မှာ သေချာသလောက် ဖြစ်နေပါတယ်။

ဒါဟာ ရီးရဲလ်မက်ဒရစ်အတွက် ခံစစ်ပိုင်းမှာ နောက်ထပ် ဒဏ်ရာရရှိမှုတစ်ခုဖြစ်ပေမယ့် အန်ဆယ်လော့တီအနေနဲ့ လက်ရှိရာသီတွင် မန်ဒီထက် ပိုကောင်းတယ်လို့ ဆိုနိုင်တဲ့ ဖရန်ဂါစီယာကို အစားထိုးရန် အသင့်ရှိနေနေတာဖြစ်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments