Tuesday, January 20, 2026
spot_img
spot_img

နောက်ခံလူ ဆာလီဘာကို တိုက်စစ်မှူးဟောင်း အွန်နရီ ကိုင်တွယ်နေသော ပြင်သစ်အိုလံပစ်အသင်းအတွက် ရွေးချယ်ခြင်းမပြုရန် အာဆင်နယ် တားဆီးဖွယ်ရှိ

အာဆင်နယ်အသင်းသည် နောက်ခံလူ ဆာလီဘာကို တိုက်စစ်မှူးဟောင်း အွန်နရီ ကိုင်တွယ်နေသည့် ပြင်သစ်အိုလံပစ်အသင်းအတွက် ရွေးချယ်ခြင်းမပြုရန် တားဆီးဖွယ်ရှိကြောင်း သိရသည်။

ဆာလီဘာ(၂၂ နှစ်)သည် လက်ရှိအချိန်၌ ပြင်သစ်လက်ရွေးစင်အဖြစ် (၁၂)ပွဲ ယှဉ်ပြိုင်ကစားထားပြီးဖြစ်သော်လည်း အိုလံပစ်အသင်းအတွက် အသက်မီနေသေးသည့်အတွက် ရွေးချယ်ခံရဖွယ်ရှိနေသည်။

၂၀၂၄ နွေရာသီအိုလံပစ်ပြိုင်ပွဲကို ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် ကျင်းပမည်ဖြစ်သောကြောင့် ပြင်သစ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖိလစ်ပီဒီယယ်လိုက နည်းပြ အွန်နရီအား အတောင့်တင်းဆုံးအသင်းအဖြစ် ရွေးချယ်ဖွဲ့စည်းရန် ညွှန်ကြားထားသည်။

ထို့ကြောင့် အွန်နရီသည် လက်ရှိကိုင်တွယ်နေသည့် ယူ -၂၁ အသင်းကို အားဖြည့်ပြင်ဆင်မှုများပြုလုပ်၍ အိုလံပစ်အတွက် ဖွဲ့ စည်းရမည်ဖြစ်ရာ အာဆင်နယ်အသင်းအတွက် ခြေစွမ်းပြနေသော ဆာလီဘာကို ရွေးချယ်ဖွယ်ရှိနေသည်။

သို့သော် အိုလံပစ်ပြိုင်ပွဲမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)မှ ကြီးမှူးကျင်းပသည့်ပြိုင်ပွဲမဟုတ်သောကြောင့် ကလပ်အသင်းများအနေဖြင့် ၎င်းတို့ ကစားသမားများကို ယှဉ်ပြိုင်ကစားစေလိုခြင်းမရှိပါက တားဆီးနိုင်ကြောင်း သိရသည်။

အိုလံပစ်ဘောလုံးပြိုင်ပွဲမှာ ဇူလိုင်(၂၄)မှ သြဂုတ်(၉)အထိ ကျင်းပမည်ဖြစ်ရာ အသင်း၏ ရာသီကြိုပြင်ဆင်မှုနှင့် ရာသီအဖွင့်ပွဲစဉ်အချို့ကို လွဲချော်ဖွယ်ရှိသည့်အတွက် အာဆင်နယ်အသင်းက ဆာလီဘာကို တားဆီးလိုခြင်းဖြစ်ကြောင်း သိရသည်။ ဆာလီဘာသည် ယူရို-၂၀၂၄ ပြိုင်ပွဲတွင်သာ ပါဝင်ကစားရဖွယ်ရှိနေသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments