ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် ချယ်လ်ဆီးကစားသမားဟောင်း ကန်ဒီက PSG တိုက်စစ်မှူး နေမာအား မခေါ်ရန် အသင်းဟောင်းကို တိုက်တွန်းခဲ့သည်။
ချယ်လ်ဆီးအသင်းသည် လာမည့်နွေတွင် PSG အသင်းမှ ထွက်ခွာရန် စီစဉ်နေသည့် ဘရာဇီးလ်တိုက်စစ်မှူး နေမာကို ခေါ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

ကန်ဒီက ”PSG အသင်းက နေမာကို ရောင်းဖို့ ကြိုးစားနေတာ အကြောင်းရှိမှာပါ။ သူက အရမ်းကောင်းတဲ့ ကစားသမား ဖြစ်ပေမဲ့ တကယ်အရှိတရားထက် ပိုပြီးနာမည်ကြီးနေတယ်လို့ ထင်ပါတယ်။ ပြီးတော့ သူက လက်ရှိအချိန်မှာ ချယ်လ်ဆီးအသင်း လိုအပ်နေတဲ့ ကစားသမား မဟုတ်ပါဘူး”ဟု ပြောကြားခဲ့သည်။







