ချယ်လ်ဆီးအသင်း၏နည်းပြဟောင်း ဂရေဟမ်ပေါ်တာသည် ပြင်သစ်ကလပ် နိုက်စ်အသင်း၏ နည်းပြသစ်ဖြစ်လာရန် ရေပန်းစားနေကြောင်း သိရသည်။
နိုက်စ်အသင်းသည် ပြီးခဲ့သည့် ဇန်နဝါရီလကတည်းက ယာယီနည်းပြ ဒီဒီယာဒီဂတ်ဒ်နှင့် ဖြတ်သန်းနေခြင်းဖြစ်ပြီး ၎င်း၏လက် ထက်၌ အသင်း၏အခြေအနေ တိုးတက်လာခဲ့သည်။

သို့သော် နိုက်စ်အသင်းသည် ဒီဒီယာဒီဂတ်စ်နှင့် ရှေ့ဆက်လိုခြင်းမရှိဘဲ လာမည့်နွေရာသီ၌ နည်းပြသစ် ခန့် အပ်သွားမည်ဖြစ်ရာ ဂရေဟမ်ပေါ်တာကို ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း သိရသည်။
နိုက်စ်အသင်းကို ပိုင်ဆိုင်ထားသည်မှာ မန်ယူအသင်းအား ဝယ်ယူရန် ကြိုးပမ်းနေသော Ineos ကုမ္ပဏီ ဖြစ်သောကြောင့် ယခုသတင်းမှာ ပိုမိုလူပြောများနေကြောင်းလည်း သိရသည်။






