Tuesday, June 16, 2026
spot_img
spot_img

နိုင်ငံတကာခြေစမ်းပွဲများ ပွဲကြိုသုံးသပ်ချက်

ဂျာမနီ – ဘယ်လ်ဂျီယံ (မြန်မာစံတော်ချိန် မတ်လ ၂၉ ရက် နံနက် ၁း၁၅ နာရီ)

ဘယ်လ်ဂျီယံအသင်းက နည်းပြသစ် တယ်ဒယ်စကိုရဲ့ပွဲဦးထွက်မှာ အဝေးကွင်းဂိုးပြတ်နိုင်ပွဲနဲ့ တာထွက်ကောင်းခဲ့တယ်။ ဆွီဒင်နဲ့ပွဲမှာ တယ်ဒယ်စကို အသုံးပြုခဲ့တဲ့ Line-up က ကျစ်လျစ်မှုရှိပြီး လက်ရှိကစားသမားတွေထဲက အဖြစ်သင့်ဆုံးလို့လည်း ပြောနိုင်တယ်။ အခုပွဲလည်း ဒီလူစာရင်းကိုပဲ ဆက်သုံးဖို့များတယ်။ ဂျာမနီအသင်းမှာလည်း နည်းပြ ဟန်ဆီဖလစ်ခ်က ပီရူးနဲ့ပွဲ ပွဲထွက်စာရင်းကို အပြောင်းအလဲ သိပ်လုပ်ဖို့မရှိနိုင်ဘူး။ ဘယ်လ်ဂျီယံအနေနဲ့ ဂျာမနီကို နောက်ဆုံးအနိုင်ရခဲ့တာ ၁၉၅၄ ခုနှစ် ကဖြစ်ပေမဲ့ နောက်ဆုံးဆယ်စုနှစ် အသင်းရွှေခေတ်တစ်ခုမှာ မဆုံခဲ့လို့ ခန့်မှန်းရခက်စေတယ်။ လက်ရှိလူစာရင်းအရ အသင်းလိုက်ခြားနားမှုမရှိပေမဲ့ ဒီဘရိုင်းနား၊ လူကာကူ၊ ထရိုဆတ်ဒ်တို့ရဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်က ပိုအလုပ်ဖြစ်နိုင်တယ်။

ဂျပန် – ကိုလံဘီယာ (မြန်မာစံတော်ချိန် မတ်လ ၂၈ ရက် ညနေ ၄း၅၀ နာရီ)

ကိုလံဘီယာအသင်းက နည်းပြသစ် လော်ရန်ဇိုလက်ထဲမှာ နိုင်ငံတကာပွဲ (၅)ပွဲဆက်တိုက် ရှုံးပွဲမရှိသေးတာကိုတော့ အသိအမှတ်ပြုရမယ်။ အသင်းကို ဟာမီးစ်ရိုဒရီဂွက်ဇ်၊ မော်ဟီ ကာ၊ အူရီဘယ်၊ ဘော်ရေးတို့နဲ့ အဓိကတည်ဆောက်ထားပြီး အသင်းမှာ မျက်နှာသစ်ကစားသမား အများအပြားပါဝင်လာတယ်။ ဥရုဂွေးနဲ့ပွဲမှာ ဂျပန်အသင်း Line-upက ကွင်းလယ်နဲ့ တိုက်စစ်ကို ကမ္ဘာ့ဖလားပွဲထွက်ကစားသမားတွေပဲ ဆက်သုံးခဲ့ပြီး တော်မီယာဆု၊ ယိုရှီဒါမပါတဲ့ နောက်တန်းကိုတော့ စမ်းသပ်မှုတွေ ပြုလုပ်နေတာ တွေ့ရတယ်။ ကိုလံဘီယာအသင်း မရှုံးအောင်တော့ ကစားနိုင်မယ်။

တောင်ကိုရီးယား – ဥရုဂွေး (မြန်မာစံတော်ချိန် မတ်လ ၂၈ ရက် ညနေ ၅း၃၀ နာရီ)

ကာတာကမ္ဘာ့ဖလားမှာ ရင်ဆိုင်ကစားခဲ့ပြီး ပူပူနွေးနွေး ပြန်လည်ဆုံတွေ့နေတာဖြစ်တယ်။ အဝေးကွင်းဖြစ်ပေမဲ့ ဥရုဂွေး ရှုံးဖို့မရှိဘူး။

မော်ရိုကို – ပီရူး (မြန်မာစံတော်ချိန် မတ်လ ၂၉ ရက် နံနက် ၁း၁၅ နာရီ)

ဘရာဇီးလ်ကို အနိုင်ကစားထားတဲ့ မော်ရိုကို လူစုံထုတ်ပါ့မလားဆိုတာ သံသယရှိစရာပါ။ ပီရူးအသင်းကိုပဲ အရဲစွန့်ရွေးချယ်ချင်တယ်။

 သြစတြေးလျ – အီကွေဒေါ (မြန်မာစံတော်ချိန် မတ်လ ၂၈ ရက် ညနေ ၃းဝ၀ နာရီ)

နှစ်ပွဲဆက် ခြေစမ်းတာဖြစ်ပြီး ဒီပွဲတော့ အီကွေဒေါ သရေလောက် ခံကစားမယ်ထင်တယ်။

အာဂျင်တီးနား – ကူရာရှာအို (မြန်မာစံတော်ချိန် မတ်လ ၂၉ ရက် နံနက် ၆းဝ၀ နာရီ)

အာဂျင်တီးနားအသင်းက အရန်ကစားသမားတွေနဲ့ပဲ အခုပွဲကို ကစားသွားလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် အာဂျင်တီးနား အနိမ့်ဆုံး (၃)ဂိုးလောက်ပြတ်လိမ့်မယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments