သူ့ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရပြီး တစ်ပတ်အကြာမှာပဲ လီယွန်နယ်မက်ဆီဟာ စနေနေ့ (မြန်မာစံတော်ချိန် ဧပြီ ၉) က လီဂူး ၁ မှာ PSG ခြောက်မှတ်ဖြတ်နိုင်စေခဲ့တဲ့ ၂-၀ နဲ့ နိုက်စ်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ သွင်းဂိုးတစ်ဂိုးနဲ့ နောက်တစ်ဂိုးကို ဖန်တီးနိုင်ခဲ့ပါတယ်။
မက်ဆီ ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က လိုင်ယွန်ကို အိမ်ကွင်းတွင် ရှုးနိမ့်ခဲ့သဖြင့် PSG ပရိသတ်အချိုရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရပြီး ယခုနွေရာသီတွင် အသင်းမှ ထွက်ခွာနိုင်တယ်လို ထင်ကြေးများ တိုးမြင့်လာခဲ့ပါတယ်။

အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလားဆုရ ကြယ်ပွင့်ဟာ ပွဲချိန် ၂၆ မိနစ်မှာ ဘယ်နောက်ခံလူ နူနိုမန်ဒက်စ်ရဲ့ ဖြတ်တင်ဘောကို ဖြတ်တင်ခဲ့ပါတယ်။ အဲဒီနောက် ဘယ်ဘက်ကနေ မက်ဆီရဲ့ထောင့်မှကန်ချက်ကို ၇၆ မိနစ် မှာ ဝါရင့်နောက်ခံလူ ဆာဂျီယိုရာမိုစ်က ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။

နိုက်စ် ဟာ ဒီပွဲမစခင် ၁၄ ပွဲမှာ ရှုးပွဲမရှိခဲ့ဘဲ ပထမပိုင်းမှာ ချေပဖို နီးစပ်ခဲ့ပေမဲ့ PSG ဂိုးသမား Gianluigi Donnarumma က Nicolas Pepe နဲ့ တိုက်စစ်မှူး Terem Moffi တိုရဲ့ အားထုတ်မှုတွေကို မျက်ခြည်မပြတ်သတိထားနေခဲ့ရပါတယ်။ ဒီ ပွဲစဉ်မှာ နိုက်စ်က အခွင့်အရေးတွေ အလဟဿ ဖြစ်ခဲ့ရပါတယ်။
PSG ဟာ လာမယ့်သီတင်းပတ်တွင် ပါရီ၌ ၎င်းတိုရဲ့ ပွဲစဉ်မတိုင်မီ ဒုတိယနေရာမှ Lens အသင်း ထက် ခြောက်မှတ်အကွာတွင် ရှိနေခဲ့ပြီဖြစ်ပါတယ်။







