Saturday, February 7, 2026
spot_img
spot_img

နာသွားတဲ့ မက်ဆီ ၊ ၄ ဂိုးသွင်းတဲ့ ရိုနယ်ဒို ၊ လီဗာပူးအတွက် သတင်းကောင်းတို့နဲ့ . . . 959 အားကစားသတင်းများ

PSG တိုက်စစ်မှူး လီယွန်နယ် မက်ဆီ ဟာ မာဆေး အသင်းနဲ့ ကစားခဲ့တဲ့ ပြင်သစ် ရှုံးထွက်ဖလားပွဲမှာ ဒဏ်ရာ ရရှိ ခဲ့ပြီး ဘိုင်ယန်မြုးနစ် နဲ့ ယှဉ်ပြိုင် ရမယ့် ချန်ပီယံလိဂ် ၁၆ သင်းဆင့် ပထမ အကျော့ကို လွဲချော်နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ် လာခဲ့ ပါတယ် ။

ပေါ်တူဂီ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရိုနယ်ဒို ကတော့ မနေ့ညက ကစားခဲ့တဲ့ ဆော်ဒီ လိဂ် ပွဲစဉ်မှာ အယ်လ် နက်ဆာ အသင်းအတွက် တယောက်တည်း ၄ ဂိုး သွင်းယူပေးခဲ့ ပါတယ် ။

ဒီဂိုးတွေဟာ ရိုနယ်ဒို အတွက် ပရို ကစားသမားဘ၀ လိဂ်သွင်းဂိုး ၅၀၀ ကျော်လွန် သွားစေခဲ့ပြီး တပွဲတည်း ၄ ဂိုး နဲ့ အထက် သွင်းယူနိုင်တဲ့ ၁၁ ပွဲမြောက်လည်း ဖြစ်လာစေခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် နည်းပြကြိး အဲရစ် တန်ဟတ် ဟာ လိဒ် ယူနိုက်တက် နဲ့ ကစားမယ့် အဝေးကွင်း ပွဲစဉ်အတွက် ပြင်ဆင် လေ့ကျင့်ရာမှာ လူငယ် အသင်းသား ၄ ယောက်ကို စီနီယာတွေနဲ့ အတူ ပူးပေါင်း လေ့ကျင့် စေခဲ့တယ်လို့ ကြားသိရ ပါတယ် ။

ဒါ့အပြင် ယူနိုက်တက် ဟာ လူငယ် ကြယ်ပွင့်လေး ကိုဘီ မိုင်နို ကို ၄ နှစ် စာချုပ်သစ် ချုပ်ဆို လိုက်တယ်လို့လည်း သိရှိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းကို ဝယ်ယူမယ့် အဖွဲ့အစည်း ၅ ခု အထိ ရှိနေပြီး လာမယ့် ရက် အတွင်းမှာ အပြိုင် ကမ်းလှမ်းဖွယ် ရှိတယ်လို့လည်း သိရပါတယ် ။

သည်းခြေအိတ် ခွဲစိတ်ကုသမှုကြောင့် မန်စီးတီး နဲ့ ပွဲကို မကိုင်တွယ် နိုင်ခဲ့တဲ့ စပါး နည်းပြ အန်တိုနီယို ကွန်တီ ဟာ အသင်းဆီ ပြန်လည် ရောက်ရှိ လာခဲ့ပါပြီ ။

ဒါကြောင့် ကွန်တီ ဟာ ဒီတပတ် ပွဲစဉ်မှာ စပါး ကို ပြန်လည် ကိုင်တွယ် နိုင်တော့မှာပါ ။

အင်တာမီလန် အသင်းကတော့ တိုက်စစ်မှူး လူကာကူ ရဲ့ ကိစ္စတွေ အတွက် ချဲလ်ဆီး အသင်းနဲ့ တွေ့ဆုံ စကားပြောဆို နေတယ်လို့ သိရပါတယ် ။

အင်တာ ဟာ လူကာကူ ကို တရာသီ အငှားနဲ့ ခေါ်ယူထားတာ ဖြစ်ပြီး အငှားခေါ်ကြေး ယူရို ၈ သန်း ပေးချေထားရပါတယ် ။

ရိုးမား အသင်း အကြီးအကဲ ပင်တို က သူတို့ဟာ ဇန်နဝါရီ တုန်းက ချဲလ်ဆီးရဲ့ မော်ရိုကို တောင်ပံ ကစားသမား ဟာကင် ဇီယက်ချ် ကို ခေါ်ယူဖို့ ကြိုးစား ခဲ့ဖူးကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

မန်ယူနိုက်တက် တိုက်စစ်မှူးလေး မားကပ် ရက်ဖိုဒ့် ဟာ ပြီးခဲ့တဲ့ နှစ်တုန်းက ကားကို သတ်မှတ်ထားတဲ့ အရှိန်ထက် ပိုမို မောင်းနှင်မှု ကြောင့် ၅၇၄ ပေါင် ဒဏ်တပ် ခံခဲ့ရပြီး လိုင်စင် ကနေ အမှတ် နှုတ်ခံလိုက်ရတယ်လို့ ကြားသိရ ပါတယ် ။

အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် FA ကတော့ ပြီးခဲ့တဲ့ မန်ယူနိုက်တက် – ပဲလေ့စ် ပွဲစဉ် က ခိုက်ရန် ဖြစ်ပွားမှု အတွက် ၂ သင်းစလုံးကို စွဲချက်တင်လိုက်ပြီ ဖြစ်တာကြောင့် ငွေဒဏ် အသိးသီး ကျခံရတော့မှာ ဖြစ်ပါတယ် ။

ကာလရှည် ဒဏ်ရာ ရရှိခဲ့တဲ့ လီဗာပူး တိုက်စစ်မှူး ဂျိုတာ ဟာ ဗန်ဒိုက် ၊ ဖာမီနို တို့နဲ့ အတူ အသင်းမှာ လေ့ကျင့်ခန်း ပြန်လည် ပြုလုပ် နေပြီလို့ သတင်းကောင်း ကြားသိရ ပါတယ် ခင်ဗျာ ။

အာဆင်နယ် ၊ မန်စီးတီး ၊ စပါး စတဲ့ အသင်းတွေရဲ့ နောက်ကွယ်က ဖြစ်ရပ်တွေကို မှတ်တမ်း ဗီဒီယို ရိုက်ကူး တင်ဆက်ခဲ့တဲ့ Amazon ဟာ လာမယ့် မှတ်တမ်း ရိုက်ကူးရေး အတွက် နယူးကာဆယ် အသင်းကို ရွေးချယ် ခဲ့တယ်လို့ သတင်း ကြားသိရ ပါတယ် ။

စီးရီးအေ ထိပ်သီး အင်တာမီလန် ကတော့ နွေရာသီမှာ သူတို့ရဲ့ အားထားရတဲ့ နောက်ခံလူ ဘတ်စတိုနီ ကို ဆုံးရှုံးရမှာကို စိတ်ပူနေတယ်လို့ သိရပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments