Wednesday, January 14, 2026
spot_img
spot_img

နည်းပြ တန်ဟက်ဂ်နှင့် ဆန်ချို၏ပြဿနာမှာ အဆုံးသတ်မည့်နည်းလမ်း နှစ်ခုသာရှိကြောင်း ဖာဒီနန် သုံးသပ်

မန်ယူအသင်းနည်းပြ တန်ဟက်ဂ်နှင့် တောင်ပံတိုက်စစ်ကစားသမား ဆန်ချိုတို့အကြား ဖြစ်ပွားနေသည့်ပြဿနာမှာ အဆုံးသတ်နိုင်မည့်နည်းလမ်း နှစ်ခုသာရှိကြောင်း အသင်းနောက်ခံလူဟောင်း ရီယိုဖာဒီနန်က သုံးသပ်ခဲ့သည်။

နည်းပြ တန်ဟက်ဂ်က အာဆင်နယ်အသင်းအား (၁-၃)ဂိုးဖြင့် အရေးနိမ့်ခဲ့သည့်ပွဲ လူစာရင်း၌ ဆန်ချိုအား ထည့်မသွင်းခြင်းမှာ လေ့ကျင့်ရေးစွမ်းဆောင်ရည်ကြောင့်ဟု အကြောင်းပြချက်ပေးပြီး ဆန်ချိုကမူ ယင်းပြောဆိုချက်များသည် လုံးဝမမှန်ကန်ကြောင်းနှင့် မိမိမှာ ခုတုံးလုပ်ခံရခြင်းသာဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။ 

“ဒီလိုပြဿနာတွေက အဆုံးသတ်မယ့်နည်းလမ်း နှစ်ခုပဲရှိပါတယ်။  တစ်ခုက အခုချိန် အပြောင်းအရွှေ့စျေးကွက်ဖွင့်နေသေးတဲ့ လိဂ်ဖြစ်ပြီး အဲဒါက ဆော်ဒီမှာပေါ့။ ဒါမှမဟုတ် လက်ကျန်တစ်ရာသီလုံး အရန်ခုံထိုင်ရတာ၊ အသင်းလူစာရင်းထဲ ထည့်သွင်းမခံရတာပဲဖြစ်တယ်”ဟု ဖာဒီနန်က သူ၏ Rio Presents Five YouTube တွင် ပြောကြားခဲ့သည်။ 

ထို့ပြင် သတင်းအချို့ကလည်း ဆန်ချိုအနေဖြင့် နည်းပြ တန်ဟက်ဂ် နှင့် ဆက်ဆံရေးကောင်းမွန်အောင် ပြန်လည်တည်ဆောက်ပြီး အသင်းတွင် နေရာရရှိရေး ကြိုးပမ်းရန် သို့မဟုတ် ဇန်နဝါရီတွင် အငှား၊ ယခုရာသီကုန်တွင် အပြီးသတ်ထွက်ခွာရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း သုံးသပ်ရေးသားခဲ့သည်။ 

အသက် ၂၃ နှစ်သာရှိသေးသူ ဆန်ချိုသည် ၂၀၂၁ ခုနှစ်တွင် မန်ယူအသင်း သို့ ပေါင် ၇၃ သန်းဖြင့် ရောက်ရှိလာသော်လည်း ပုံမှန်နေရာရရှိရန် ရုန်းကန်နေရလျက်ရှိပြီး ပြိုင်ပွဲစုံ ၈၂ ပွဲတွင် ၁၂ ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments