Saturday, February 7, 2026
spot_img
spot_img

ဒေးဗစ်ဆေးလ်ဗားကို စာချုပ်သစ်ချုပ်ဆိုရန် ဆိုစီဒက်အသင့်ရှိနေ

ဆိုစီဒက်အသင်းသည် အသင်း၏ စပိန်ဝါရင့်ကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗား (၃၇ နှစ်)အား တစ်နှစ်စာချုပ်သစ်ချုပ်ဆိုရန် အသင့်ရှိနေကြောင်း စပိန်အားကစားသတင်းစာ Football Espana ကဖော်ပြခဲ့သည်။

ဆေးလ်ဗားသည် ၂၀၂၀ နွေရာသီအပြောင်းအရွှေ့က မန်စီးတီးအသင်းမှ ဆိုစီဒက်အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ကစားသမားဘဝအဆုံးသတ်အပိုင်းအခြားသို့ရောက်ရှိနေသော်လည်း ဆိုစီဒက်အသင်း၏ကွင်းလယ်တွင် အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့သူဖြစ်သည်။

ဆေးလ်ဗားသည် ဆိုစီဒက်အသင်းအတွက် ပြီးခဲ့သည့် (၂)ရာသီအတွင်း ပြိုင်ပွဲစုံ (၅၉)ပွဲအထိကစားပေးခဲ့သလို၊ ယခုရာသီတွင်လည်း ခြေသလုံးဒဏ်ရာ ပြဿနာကြုံတွေ့နေရသည့်တိုင်အောင် အသင်းအတွက်ပြိုင်ပွဲစုံ (၂၅)ပွဲအထိ ကစားပေးထားနိုင်ခဲ့သည်။

ထို့ကြောင့် ဆိုစီဒက်အသင်းအနေဖြင့် လာမည့်နွေရာသီတွင်စာချုပ်သက်တမ်းကုန်ဆုံးမည့် ဆေးလ်ဗားအား နောက်ထပ်တစ်ရာသီ ထပ်မံသက်တမ်းတိုးရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments