Monday, February 9, 2026
spot_img
spot_img

ဒီလစ်ဂ်ရဲ့နေရာ ဘရီမာနဲ့ အစားထိုးပြီး ဦးတည်မယ့် ဂျူဗင်တပ်စ်

မက်သီဂျစ် ဒီလစ်ဂ်ဟာ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့သွားပြီးနောက် ဂျူဗင်တပ်စ်အသင်းက တိုရီနိုနောက်ခံလူ ဘရီမာကို 24 နာရီအတွင်း ခေါ်ယူခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။

၃၆ ကြိမ်ရ အီတလီချန်ပီယံဟာ ၂၀၁၈ က အက်သလက်တီကို မီနီရိုက သူတို့ရဲ့မြို့ခံပြိုင်ဘက် ရောက်ရှိလာခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် ဘရာဇီးလ်သား ဘရီမာအတွက် ယူရို ၄၁ သန်း (ဒေါ်လာ ၄၁ ဒသမ ၇ သန်း) ပေးချေခဲ့ပါတယ်။

နယ်သာလန် ဗဟိုနောက်ခံလူ ဒီလစ်ဂ်ဟာ သုံးရာသီကြာ ကစားခဲ့ပြီးနောက် အင်္ဂါနေ့က ဂျူဗင်တပ်စ်ကနေ ထွက်ခွာခဲ့ပါတယ်။

“ဒီကနေ့မှာ ဂျူဗင်တပ်စ်အသင်းနဲ့ 2027 အထိ အမြဲတမ်းစာချုပ်ချုပ်ဆိုထားတဲ့ ဘရီမာ ရောက်ရှိလာတာကြောင့် အသင်းရဲ့ ခံစစ်ကို ပိုမိုအားကောင်းလာစေခဲ့မှာပါ”လို့ ဂျူဗင်က ပြောပါတယ်။

“သူဟာ အီတလီမှာ ရှိနေစဉ်အတွင်း အကောင်းဆုံး ခံစစ်ကစားသမားတစ်ဦးအဖြစ် ထွန်းတောက်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ရာသီအတွက် အကောင်းဆုံး နောက်ခံလူအဖြစ် Lega Serie A က MVP ဆုကို အသိအမှတ်ပြုခဲ့ပါတယ်”လို့ ဂျူဗင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဂျူဗင်တပ်စ်ဟာ ၂၀၂၀ နောက်ပိုင်း ချန်ပီယံဆုဖလားကို ပြန်ဆွတ်ခူးလိုတာကြောင့် နည်းပြ အယ်လီဂရီရဲ့အသင်းဟာ ပြင်သစ်ကမ္ဘာ့ဖလားချန်ပီယံရရှိခဲ့တဲ့ ပေါလ်ပေါ့ဂ်ဘာနဲ့ အာဂျင်တီးနားတိုက်စစ်မှူး အိန်ဂျယ်ဒီမာရီယာတို့ကို ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။

ကိုးနှစ်ဆက်တိုက် စီးရီးအေအမှတ်ပေးဖလား (၂၀၁၂ မှ ၂၀၂၀ အထိ) စံချိန်တင်ရရှိပြီးနောက် ‘အိုးလေဒီး’တို့ဟာ ပြီးခဲ့တဲ့နှစ်ရာသီအတွင်း စီးရီးအေမှာ ထိပ်တန်းသုံးသင်းရဲ့ ပြင်ပမှာရှိနေခဲ့သလိုး ၂၀၁၉ ကစလို့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခြင်းမရှိခဲ့ပါဘူး။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments