Saturday, February 7, 2026
spot_img
spot_img

ဒီရာသီ PL ရဲ့ အံ့ဩဖို့ အကောင်းဆုံး ကစားသမား အဖြစ် အာဆင်နယ် တိုက်စစ်မှူးကို ရွေးချယ် ပေးလိုက်တဲ့ ဂယ်ရီနဗီးလ်

ဂယ်ရီနဗီးလ် က ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ သူ့ကို အံ့ဩသင့်အောင် အလုပ်နိုင်ဆုံး ကစားသမားဟာ အာဆင်နယ် အသင်း ရဲ့ တိုက်စစ်မှူး အက်ဒီ အန်ကီးတီးယား ဖြစ်တယ်လို့ ဆိုလိုက်ပါတယ် ။

ပြီးခဲ့တဲ့ ရာသီတုန်းက အာဆင်နယ် အသင်း တိုက်စစ်မှာ အူဘာမီးယန်း နှင့် လာကာဇက် တို့ နှစ်ဦး ရှိနေတာကြောင့် အန်ကီးတီးယား ဟာ အရန်ခုံမှာသာ အချိန်အများစုကို ဖြတ်သန်း ခဲ့ရပါတယ် ။ အန်ကီးတီးယား ဟာ ပွဲထွက်ခွင့် မရ ဖြစ်နေတာကြောင့် ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ် ဆိုပြီး သတင်းတွေပါ ထွက်ခဲ့ပါသေးတယ် ။

ဒါပေမယ့် ဇန်နဝါရီမှာ အူဘာမီယန်း ထွက်ခွာသွားခဲ့ပြီး လာကာဇက် ဂိုးပေါက်ပျောက်နေချိန် ရာသီကုန်ခါနီးမှာ အန်ကီးတီးယား ဟာ ပွဲထွက် ကစားခွင့် ဆက်တိုက် ရရှိခဲ့ပြီး ခြေစွမ်းပြ ဂိုးတွေ သွင်းနိုင်ခဲ့ပါတယ် ။ ဒါကြောင့် အာဆင်နယ် အသင်းဟာ အင်္ဂလန် ယူ၂၁ လက်ရွေးစင် ကို စာချုပ် သက်တမ်း တိုးမြှင့်ပြီး ဂန္တဝင် ကျောနံပါတ် ၁၄ ပါ ပေးလိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ နှစ် နွေရာသီမှာ ဂျေးဇု ကို ခေါ်ယူ လိုက်တာကြောင့် အန်ကီးတီးယား ဟာ အရန်ခုံမှာ ပြန်ထိုင် ခဲ့ရပြီး ယူရိုပါလိဂ် အုပ်စု ပွဲစဉ် နှင့် ဖလားပွဲတွေမှာသာ ကစား ခဲ့ရပါတယ် ။ ဒါပေမယ့်လည်း ကမ္ဘာ့ဖလား ကစားရင်း ဂျေးဇု ဒဏ်ရာရသွားခဲ့တာကြောင့် အန်ကီးတီးယား တစ်ယောက် ပွဲထွက် ကစားခွင့် ပြန်လည် ရရှိ လာခဲ့ပြန်ပါတယ် ။

အန်ကီးတီးယား ကလည်း ရလာတဲ့ အခွင့်အရေးကိုလည်း အမိအရ ဖမ်းဆုပ် နိုင်ခဲ့ပြီး ဒီရာသီ ပြိုင်ပွဲစုံ သွင်းဂိုး ၉ ဂိုး နဲ့ ဂန်းနားတို့ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် ရပ်တည် နေပါတယ် ။ အန်ကီးတီးယား ဟာ မန်ယူနိုက်တက် ကို အနိုင်ရတဲ့ ပွဲမှာလည်း အာဆင်နယ် အတွက် သွင်းဂိုး ၂ ဂိုး သွင်းယူ ပေးခဲ့ပါသေးတယ် ။

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ဂယ်ရီနဗီးလ် ကတော့ ဒီရာသီ ပရီးမီးယားလိဂ် ရဲ့ အံ့ဩဖွယ် အကောင်းဆုံး ကစားသမားက ဘယ်သူလဲ ဆိုတဲ့ မေးခွန်းကို ဖြေကြားရာမှာ အာဆင်နယ် အသင်း တိုက်စစ်မှူး အန်ကီးတီးယား ကို ရွေးချယ် ပေးသွားခဲ့ပါတယ် ။

” ကျနော်ကတော့ အန်ကီးတီးယား ကို ရွေးပေးချင်ပါတယ် ၊ ဂျေးဇု ဒဏ်ရာ ရသွားချိန်မှာ အာဆင်နယ် အသင်း အတွက် ပြဿနာ ရှိလာ နိုင်တယ်လို့ တွေးထင် ခဲ့ပါတယ် ၊ ဒါပေမယ့်အန်ကီးတီးယား က အာဆင်နယ် အတွက် ကောင်းကောင်း ကစား ပြထားနိုင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့တာ ဖြစ်ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments