Monday, February 9, 2026
spot_img
spot_img

ဒီရာသီ လီဗာပူးနဲ့ ရင်ဆိုင်ကစားရတာဟာ ပြီးခဲ့တဲ့နှစ်တွေကနဲ့ ယှဉ်ရင် ဘာတွေ ကွာခြားသွားသလဲဆိုတာ ရှင်းပြလိုက်တဲ့ အန်တိုနီယို

၀က်ဟမ်း တိုက်စစ်မှုး ဖြစ်သူ မီခေးအန်တိုနီယိုက ပြိုင်ဘက် ကစားသမား တစ်ဦး အနေနဲ့ ဒီရာသီမှာ လီဗာပူးရဲ့ အရည်အသွေးပိုင်း ကျဆင်းသွားမှုကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရတယ်လို့ ၀န်ခံ သွားခဲ့ပါတယ်။ အသက် ၃၂ နှစ် အရွယ် ကစားသမားဟာ လီဗာပူးတို့ ၀က်ဟမ်းကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ လက်ကျန် ပွဲချိန် ၁၆ မိနစ်မှာ ၀င်ကစားခဲ့ပေမယ့်လည်း ဒါ၀င်နူးနက်ရဲ့ ပထမပိုင်း သွင်းဂိုးကို သူ့အသင်း အတွက် ပြန်လည် ချေပပေးနိုင်ခြင်း မရှိခဲ့ပါဘူး။

အဲဒီပွဲစဉ် နောက်ပိုင်း လီဗာပူးဟာ နော့တင်ဟမ်ဖောရက်စ် နဲ့ လိဒ် တို့ကို ဆက်တိုက် ရှုံးနိမ့်ကာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၉ နေရာကို ရောက်ရှိနေပြီး ချန်ပီယံလိဂ် ၀င်ခွင့်နဲ့ ၈ မှတ် အကွာမှာ ရှိနေကာ ရာသီကုန်မှာ top 4 ၀င်ဖို့ အတွက်တောင် အတော်လေး ရုန်းကန်ရဖို့ ရှိနေပါတယ်။ လီဗာပူးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁၂ ပွဲကစား နိုင်ပွဲ ၄ ပွဲသာ ရှိထားခဲ့ပြီး ဖူဟမ် ခရစ်စတယ်ပဲလေ့စ် မန်ယူနိုက်တက် အဲဗာတန် ဘရိုက်တန် ဖောရက်စ် လိဒ် တို့နဲ့ ပွဲစဉ်တွေမှာ ရမှတ်တွေ ဆုံးရှုံးခဲ့ပါတယ်။

၀က်ဟမ်း ကစားသမား ဘ၀မှာ လီဗာပူးနဲ့ ၁၂ ကြိမ် ရင်ဆိုင် ကစားခဲ့ဖူးတဲ့ အန်တိုနီယိုက ယာဂန်ကလော့ရဲ့ အသင်းဟာ ဒီရာသီ ကွင်းထဲက connection တွေ ပျောက်ဆုံးနေခဲ့တယ်လို့ ယုံကြည်နေပါတယ်။

အန်တိုနီယိုက “ဒီရာသီမှာ လီဗာပူးနဲ့ ရင်ဆိုင် ကစားရတာဟာ လွယ်ကူတယ်လို့တော့ ကျွန်တော် မပြောချင်ပါဘူး။ ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ ရာသီတွေက သူတို့ကို အနိုင်ကစားခဲ့ဖူးပါတယ်။ သူတို့ရဲ့ ကစားဟန် နဲ့ ပြင်းထန်တဲ့ အားထုတ် ကစားမှုတွေဟာ သူတို့ရဲ့ အကောင်းဆုံး အရည်အသွေး ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတာ ကျွန်တော် မသိပေမယ့် သူတို့ဟာ ပြီးခဲ့တဲ့ ရာသီတွေက ရှိခဲ့တဲ့ connection (အချင်းချင်း နားလည်မှု ၊ ချိတ်ဆက်ကစားနိုင်မှု နဲ့ တွဲလုံး) တွေ ပျောက်ဆုံး သွားခဲ့သလိုပါပဲ။ အရင်တုန်းက သူတို့ဟာ တစ်ဦးက ဘယ်လို ကစားသွားမလဲ ဆိုတာ ကျန်တစ်ဦးက ကောင်းကောင်း သိနေခဲ့တဲ့ ပုံစံ ဖြစ်ပါတယ်။

ဒီရာသီမှာတော့ သူတို့ဟာ ဘောလုံး ပေးပို့မှုတွေ တအား လွဲချော်မှု များနေတာကို ခင်ဗျားတို့ တွေ့နေရမှာပါ။ အရင်တုန်းက သူတို့မှာ ရှိခဲ့တဲ့ ချိတ်ဆက်မှုတွေ နားလည်မှုတွေဟာ ပျောက်ဆုံး နေခဲ့ပါတယ်။ ကွင်းထဲမှာ ကျွန်တော် ဒါကို သတိပြုမိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဒါကို ကောင်းကောင်း မြင်နေရလို့ပါ။ သူတို့ဟာ ကောင်းကောင်း မကစားနိုင်လေလေ ဖိအားတိုးလေလေ ဖြစ်နေခဲ့ပါတယ်။ ကိုယ့်ကိုကိုယ် ဖိအားတွေ ပိုပေးလာတဲ့ အခါမှာ ကိုယ်ကစားချင်တဲ့ ပုံစံကို ရဖို့ အတွက် ခက်ခဲလေလေ ဖြစ်သွားပါတယ်။” လို့ ဆိုသွားပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments