မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် ကတော့ ဘုန်းမောက် အသင်းကို 1 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူနိုင်ခဲ့တဲ့ အဝေးကွင်း ပွဲစဥ်အပြီးမှာ ကွင်းလယ်လူ ကာစီမီရို ဟာ ပထမဆုံး ဘောလုံး ရာသီိမှာ မျှော်လင့်ထားတာထက် ပိုကောင်းပြနိုင်ခဲ့တယ်လို့ ချီးကျူးသွားခဲ့လိုက်ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘုန်းမောက် နဲ့ ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဥ်မှာ ကွင်းလယ်လူ ကာစီမီရို ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ပွဲစဥ်ကို အနိုင်ယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ အဆိုပါ ရလဒ်ကြောင့် ယူနိုက်တက်တို့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိနိုင်ခြေ များသွားခဲ့ရပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နွေတုန််းက ရီးယဲ မက်ဒရစ် အသင်းမှ ကာစီမီရို ကို ပေါင် သန်း 60 နဲ့ ခေါ်ယူခဲ့စဥ်တုန်းက အသက် 30 အရွယ် ရှိနေပြီဖြစ်တဲ့ ကစားသမားကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူ ခဲ့လို့ ဝေဖန်ခံခဲ့ရပါသေးတယ် ။
အဆိုပါ အချိန်တုန်းက ကာစီမီရိုဟာ ရီးယဲမက်ဒရစ် အသင််းမှာ ဒဏ်ရာပြသနာတွေကို ကြုံတွေ့နေခဲ့ရတာကြောင့် ပြိုင်ဆိုင်မှု ပြင်းထန်လှတဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲကြီးမှာ ရုန်းကန်ရလိမ့်မယ်လို့ သတင်းသုံးသပ်သူတွေရဲ့ ထင််ကြေးတွေ ပေးခံခဲ့ရပါသေးတယ် ။

ဒါပေမဲ့ လက်တွေ့မှာတော့ ကာစီမီရိုက အထူးပုံစံကောင််းတွေ ပြသသွားနိုင်ခဲ့ပြီး ယူနိုက်တက် ပရိသတ်တွေရဲ့ အချစ််တော် ကစားသမား တစ်ဦး ဖြစ်သွားနိုင်ခဲ့ပါတယ် ။ အခုတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က ဘရာဇီိးသားကို အမွှမ်းတင်သွားခဲ့လိုက်ပါတယ် ။
” သူဟာ organiser ကောင်း တစ်ဦး ၊ နေရာယူ ကောင်းသူ ၊ ဘောလုံး လုယူတာ ကျွမ်းကျင်သူ တစ်ဦးဖြစ်တယ် ဆိုတာကို ကျွန်တော်တို့ သိထားကြပါတယ် ။ သူဟာ အသင််းကို အတူတကွ စုစည်းပေးနိုင်တဲ့ ဖိုက်တာ တစ်ဦးလည်း ဖြစ်ပါတယ် ”
” ပြီးတော့ သူဟာ ဘောလုံးကိုင် ကစားတာ ၊ ဖိအားပေး ကစားတာ ၊ ဘောလုံး ဖြန့်ဝေတာ နဲ့ အဆုံးသတ် စွမ်းရည်ပိုင်းလည်း ကောင်းလှပါတယ် ။ သိပ် ဟုတ်တာပေါ့ ၊ သူဟာ ပထမဆုံး ဘောလုံး ရာသီမှာ ကျွန်တော်တို့ မျှော်လင့်ထားတာထက် ပိုပြီး လုပ်ပြထားနိုင်ခဲ့ပါတယ် ”
” ကျွန်တော်တို့တွေဟာ ကွင်းလယ်မှာ နည်းဗျူဟာကျကျ ကစားပေးနိုင်တဲ့ ကစားသမားမျိုး လိုအပ်နေခဲ့တာပါ ။ ဒါကို ရှာဖွေနိုင်ဖို့ တကယ်ပဲ ခက်ခဲခဲ့ပါတယ် ။ ဒီလိုမျိုး အရည်အသွေးတွေနဲ့ ကစားသမားဟာ စျေးကွက်ထဲမှာ ရှားပါတယ်လေ ”
” မန်ချက်စတာ ယူနိုက်တက်လို အသင်းမျိုးနဲ့ ကိုက်ညီနိုင်မယ့် ကစားသမားမျိုး ရရှိဖို့ မလွယ်ကူပါဘူး ။ သူ့ကို ရရှိခဲ့တဲ့အတွက် ကျွန်တော်တို့ ပျော်ရွှင်ခဲ့ရပါတယ် ။ သူ့ရဲ့ ပါဝင် ပတ်သက်မှုတွေက ထူးကဲလွန်းလှပါတယ် ” လို့ တန်ဟတ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။






