Wednesday, February 11, 2026
spot_img
spot_img

ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်မယ့်အသင်းကို ခန့်မှန်းမှု လုပ်သွားခဲ့တဲ့ ဟယ်ရီရက်နက်

လက်ရှိ ပရီးမီးယားလိဂ် title race မှာ အာဆင်နယ်ဟာ အမှတ်ပေးဇယားထိပ်ကနေ ငါးမှတ်အသာနဲ့ ဦးဆောင်နေပြီး မန်စီးတီး နဲ့ မန်ယူနိုက်တက် တို့က နောက်ကနေ ဖိအားပေးလျက် ရှိနေပါတယ်။ ဂန်းနား တို့ဟာ လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ် နောက်ပိုင်း အမှတ်ပေးဖလားနဲ့ ဝေးကွာနေတဲ့ အသင်း ဖြစ်ပြီး လက်ရှိမှာ မန်စီးတီးကို တစ်ပွဲလျော့ ငါးမှတ် ၊ မနေ့ညက လိဒ်နဲ့သရေကျခဲ့တဲ့ တတိယနေရာက မန်ယူနိုက်တက်ကို ၂ ပွဲလျော့ ၇ မှတ်အသာနဲ့ ဦးဆောင်နေတာကြောင့် အမှတ်ပေးဖလား အတွက် ကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

အာတီတာရဲ့ အသင်းဟာ လိဂ်ပွဲစဉ် ၂၀ ပွဲ ကစားထားခဲ့ရာမှာ ရမှတ် ၅၀ ထိ စုဆောင်းနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ အပတ်က အဲဗာတန်ကို ရှုံးနိမ့်ခဲ့ခြင်းဟာ ဒီရာသီ ဒုတိယမြောက် ရှုံးပွဲပဲ ဖြစ်ပါတယ်။ မန်စီးတီးဟာ နောက်ဆုံး ၅ နှစ်မှာ အမှတ်ပေးဖလားကို ၄ ကြိမ် ဆွတ်ခူးထားခဲ့တဲ့ အသင်း ဖြစ်နေတာကြောင့် အာဆင်နယ် အတွက် လွယ်ကူတဲ့ ပြိုင်ဘက်တော့ မဟုတ်ပါဘူး။ မန်ယူနိုက်တက် ကလည်း အဲရစ်တန်းဟတ်ရဲ့ လက်အောက်မှာ တကယ့်ကို တိုးတက်နေပြီး ပြီးခဲ့တဲ့ အပတ်က အာဆင်နယ်နဲ့ မန်စီးတီးတို့ ရမှတ်တွေ လျော့ချိန်မှာ နိုင်ပွဲကို ရှာဖွေနိုင်ခဲ့ပေမယ့် မနေ့ညက လိဒ်နဲ့ ပွဲစဉ်မှာတော့ ၂ မှတ်လျော့သွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် မန်နေဂျာဟောင်း ရက်နက် ကတော့ ဒီရာသီ အာဆင်နယ်ရဲ့ ခြေစွမ်းအပေါ် နှစ်သက်သဘောကျနေပေမယ့်လည်း မန်စီးတီး ကပဲ ရာသီကုန်မှာ အမှတ်ပေးဖလားကို ဆွတ်ခူးသွားနိုင်လိမ့်မယ်လို့ ယူဆနေပါတယ်။

ရက်နက်က “အာဆင်နယ်ဟာ တအားကို ကောင်းအောင် ကစားနေပါတယ်။ သူတို့ ကစားပြနေတဲ့ ပုံစံဟာ တအားကို ကောင်းလှပြီး ဒီအသင်းဟာ တကယ့်ကို ဟန်ချက်ညီနေပါတယ်။ အရမ်းကောင်းတဲ့ တောင်ပံ ကစားသမားတွေ ဖြစ်ကြတဲ့ ဆာကာ နဲ့ မာတင်နယ်လီ နဲ့ တောင့်တင်းတဲ့ ကွင်းလယ်ပိုင်းကို ပိုင်ဆိုင်ထားပါတယ်။ အိုဒီဂတ်ဟာ တကယ့် ကစားသမား ဖြစ်ပါတယ်။ ကျွန်တော် သူ ကစားနေတဲ့ ပုံစံကို ကြိုက်ပါတယ်။ ကစားဟန်ဟာ တကယ့်ကို အဆင့်မြင့်ပါတယ်။ ပြီးတော့ သူတို့ရဲ့ နောက်တန်းက မာကျောတဲ့ အပြင် ရမ်စ်ဒဲလ် ကလည်း ကောင်းနေပါတယ်။

ဒါပေမယ့်လည်း မန်စီးတီးပဲ အမှတ်ပေးဖလားကို ဆွတ်ခူးသွားလိမ့်မယ်လို့ ကျွန်တော့်ရဲ့ မသိစိတ်က ခံစားမိနေပါတယ်။ ကျနော်ကတော့ စီးတီးဟာ နိုင်ပွဲတွေ ဆက်တိုက်ရယူကာ အာဆင်နယ်ကို ကျော်ဖြတ်သွားမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် title race က အကြိတ်အနယ် ဖြစ်နေမှာပါ။ အာဆင်နယ်ကို လိုက်ရတာ ခက်ခဲမှာပါ။ ဒါပေမယ့်လည်း ကိုယ့်နောက်ကနေ လိုက်တာ မခံချင်ဆုံး တစ်ခုတည်းသော အသင်းကတော့ မန်စီးတီး ပါပဲ။

အကယ်၍ ဒီနှစ် title race မှာ အာဆင်နယ်ကို အခြား တသင်းသင်းက လိုက်လံဖိအားပေးမယ် ဆိုရင်တော့ သူတို့ အိုကေနိုင်ပါတယ်လို့ ကျနော် ပြောမိမှာပါ။ ဒါပေမယ့် မန်စီးတီး ကတော့ တအားကို အန္တရာယ် များတဲ့ အသင်းပါ။ သူတို့ရဲ့ အရန်ခုံကိုပဲ ကြည့်လိုက်ပါ။ ဒီယက် ဖိုဒန် တို့ဟာ ဒီအချိန်မှာ ပွဲကစားခွင့် မရ ဖြစ်နေပါတယ်။ သူတို့ဟာ ပရီးမီးယားလိဂ်ရဲ့ ဘယ်အသင်းမှာ မဆို နေရာရနိုင်မယ့် သူတွေပါ။

တစ်ကွင်းလုံးမှာ ပက်ဂွာဒီယိုလာရဲ့ လူအပြောင်းအလဲ လုပ်နိုင်စွမ်း ကတော့ တကယ့်ကို အံ့ဖွယ်ပါပဲ။ တစ်ချိန်တည်းမှာပဲ အာဆင်နယ်သာ အဓိက ကစားသမား တစ်ချို့ ဒဏ်ရာ ရသွားခဲ့မယ်ဆိုရင် ပြသနာ အတော် များသွားမှာပါ။” လို့ ဆိုလိုက်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments