Saturday, February 7, 2026
spot_img
spot_img

ဒီဘရိုင်းနား ရဲ့ သွင်းဂိုးမှာ အာဆင်နယ် ကစားသမား တစ်ဦးရဲ့ စွမ်းဆောင်ရည်ဟာ ညံ့ဖျင်းလွန်းခဲ့တယ်လို့ ဝေဖန် လိုက်တဲ့ ကာရေဂါ

ဂျေမီကာရေဂါ က အာဆင်နယ် အသင်း စောစောစီးစီး ပေးလိုက်ရတဲ့ ဦးဆောင်ဂိုး မှာ ဒီဘရိုင်းနား ရဲ့ ကန်ချက်ကို အာရွန် ရမ်စ်ဒေးလ် ကာကွယ်ပုံ အတော်လေး ညံ့ဖျင်း ခဲ့ကြောင်း ဝေဖန် ပြောကြား သွားခဲ့ပါတယ် ။ အာဆင်နယ် နဲ့ ပွဲမှာ မန်စီးတီး အသင်းဟာ ပွဲအစ ၇ မိနစ်မှာတင် ဦးဆောင်ဂိုး စတင် ရရှိ ခဲ့တာ ဖြစ်ပြီး ဟာလန်း ရဲ့ ပေးပို့မှုကနေ ဒီဘရိုင်းနားက လှလှပပ ကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ် ။

မန်စီးတီး အသင်းဟာ ပထမပိုင်းပြီးခါနီးမှာ ဒီဘရိုင်းနား ရဲ့ တည်ကန်ဘော ပေးပို့မှုကနေ စတုန်း က ခေါင်းတိုက် သွင်းပြီး ပထမပိုင်း အပြီးမှာ ကတည်းက ဂန်းနားတို့ကို နှစ်ဂိုးပြတ် ဦးဆောင် နိုင်ခဲ့တာပါ ။ အဲ့ဒီနောက် ဒုတိယပိုင်းမှာ ဒီဘရိုင်းနား က တတိယမြောက်ဂိုးကို ထပ်မံ သွင်းယူ ပေးခဲ့ပြီး အာဆင်နယ် ဘက်က ဟိုးလ်ဒင်း ချေပဂိုး ပြန်သွင်းပေမယ့် အရာအားလုံး နောက်ကျ သွားခဲ့ရပြီ ဖြစ်ပါတယ် ။

ပွဲပြီးခါနီးမှာတော့ တစ်ပွဲလုံး ခြေစွမ်းပြနေတဲ့ ဟာလန်း က စတုတ္တမြောက် သွင်းဂိုးကို သွင်းယူ ပေးခဲ့တာကြောင့် စီးတီး တို့ ဂိုးပြတ် ခြေပြတ် နဲ့ ဂန်းနားတို့ကို အနိုင်ရသွားခဲ့ကာ ၃ နှစ်ဆက် ချန်ပီယံအိပ်မက် အတွက် အခြေအနေ ကောင်းသွား ခဲ့ပါတယ် ။

ကာရေဂါ က မန်စီးတီး အသင်းရဲ့ ဦးဆောင်ဂိုး နဲ့ ပတ်သက်ပြီး ” ပုံမှန် အခြေအနေမှာဆိုရင် KDB ကပဲ ဟာလန်း ကို အဓိက ပံ့ပိုး ကစားတာပါ ၊ အခု သွင်းဂိုးမှာတော့ ပြောင်းပြန် ဖြစ်သွားခဲ့ပါတယ် ၊ ပြောရရင် ရမ်စ်ဒေးလ် ရဲ့ ကာကွယ်ပုံကလည်း အတော်လေး ဆိုးရွား ညံ့ဖျင်း ခဲ့ပါတယ် ။ ”

” ပက် က ပွဲပြီးတော့ ဟာလန်း ကို တိုက်ရိုက် ပေးပို့မှုတွေ နဲ့ ကစားခိုင်းခဲ့ကြောင်း ပြောပါတယ် ။ ဟာလန်း ဘောလုံး စောစော ရတဲ့ အချိန်တိုင်းမှာ သူ့ကို ထိန်းချုပ် ကစားဖို့ အာဆင်နယ် ဘက်က အတော်လေး အခက်တွေ့ နေခဲ့ပါတယ် ၊ အာဆင်နယ် အသင်းရဲ့နောက်တန်း ကစားသမားတွေလည်း မကောင်းခဲ့ပါဘူး ။ ”

” ဒါပေမယ့် ဟာလန်း နဲ့ခန္ဓာကိုယ် ကြံ့ခိုင်မှုချင်း ယှဉ်နိုင်တဲ့ နောက်ခံလူ ​က အနည်းငယ် ပဲ ရှိနာပါ ။ ဒီနေ့ပွဲက ဟာလန်း ရဲ့ မန်စီးတီး ကစားသမား ဘဝ အကောင်းဆုံး ပွဲတွေထဲက တစ်ပွဲလို့ ဆိုနိုင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments