Tuesday, January 20, 2026
spot_img
spot_img

ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် လော်ရိုးရဲ့ ခန့်မှန်းချက်များ

မန်ယူနိုက်တက်နဲ့ နယူးကာဆယ် တို့ဟာ ဝင်ဘာလေမှာ ကစားသွားရမယ့် ကာရာဘောင်ဖလား ဖိုင်နယ် ပွဲစဉ်အတွက် ပြင်ဆင်မှုတွေ လုပ်နေတာကြောင့် ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပွဲသာ ကစားသွားကြမှာ ဖြစ်ပါတယ်။ ယနေ့မနက် အစောပိုင်းက ဖူဟမ်နဲ့ ဝုဖ်တို့ဟာ တစ်ဂိုးစီသရေကျခဲ့ပြီး ‌ယနေ့ညမှာ အစောပိုင်း ကစားသွားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ် မရှိပါဘူး။ ဒါပေမယ့် အာဆင်နယ် မန်စီးတီး လီဗာပူး ပွဲစဉ်တွေ ရှိနေတာကြောင့် စိတ်ဝင်စားစရာ ကောင်းနေမှာပါ။ မနက်ဖြန်လည်း တော့တင်ဟမ် vs ချဲလ်ဆီးတို့ရဲ့ လန်ဒန်ဒါဘီ ရှိနေတာကြောင့် ပျင်းစရာ မရှိပါဘူး။

လက်စတာ Vs အာဆင်နယ်

လက်စတာဟာ မန်ယူနိုက်တက်နဲ့ကစားခဲ့တဲ့ ပထမပိုင်းမှာ အကောင်းဆုံး ကစားနိုင်ခဲ့ပြီး ဒီဂီယာကို အရမ်းကောင်းတဲ့ ကာကွယ်မှုတွေ လုပ်စေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒုတိယပိုင်းမှာတော့ သူတို့ဟာ လုံးဝကို ပြိုလဲသွားခဲ့ပါတယ်။ ကျနော်ကတော့ ပြီးခဲ့တဲ့အပတ်က အာ‌ဆင်နယ်တို့ ဗီလာနဲ့ပွဲမှာ အနိုင်ရရှိဖို့အတွက် ဇွဲမလျော့တမ်း ကစားသွားခဲ့ပုံကို ကျနော် ကြိုက်ပါတယ်။

အာဆင်နယ်ဟာ နောကိဆုံးမှာတော့ နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။ သူတို့ အနိုင်ရလဒ်နဲ့ ထိုက်တန်မှု ရှိပါတယ်။ ကျနော် လက်စတာရဲ့ ခြေစွမ်းကို သိပ်ပြီး မယုံကြည်ပါဘူး။ သူတို့ဟာ ပိုမိုကောင်းမွန်လာတာ အမှန် ဖြစ်ပေမယ့်လည်း ဂိုးပေးလိုက်ရတာနဲ့ ပြိုလဲသွားတော့တာပါပဲ။ ကျနော်ကတော့ အာဆင်နယ်တို့ နိုင်သွားမယ်လို့ ယူဆနေဆဲပါ။

ခန့်မှန်းချက် : လက်စတာ 0-2 အာဆင်နယ်

ဘုန်းမောက် Vs မန်စီးတီး

မန်စီးတီးရဲ့ ခြေစွမ်းဟာ သိပ်ပြီး အားရစရာ အနေအထားမှာ မရှိဘဲ ကြားရက်က ချန်ပီယံလိဂ်ပွဲစဉ်မှာ သူတို့ဟာ RB လိုက်ပ်ဇစ်နဲ့ အဝေးကွင်းပွဲစဉ်မှာ တစ်ဂိုးစီသရေကျခဲ့ပါတယ်။ ဒီပွဲစဉ်မှာလည်း စီးတီးဟာ ဖောရက်စ်နဲ့ ပွဲစဉ်ကလိုမျိုး အခွင့်အရေးတွေ အများအပြား ဖန်တီးမှု လုပ်နိုင်လိမ့်မယ်လို့ ကျနော် မြင်နေပါတယ်။ ဒီတစ်ခါမှာတော့ သိပ်ပြီး များများစားစား လွဲချော်မယ်လို့ ကျနော် မထင်ပါဘူး။

ခန့်မှန်းချက် : ဘုန်းမောက် 0-3 မန်စီးတီး

ခရစ်စတယ်ပဲလေ့စ် Vs လီဗာပူး

ဒီအချိန်မှာ လီဗာပူးနဲ့ ပက်သက်ပြီး ဘယ်လို ပြောသွားရမလဲဆိုတာ မသိတော့ပါဘူး။ ခံစစ်ပိုင်းမှာ သူတို့ဟာ လုံးဝကို ဖရိုဖရဲ ဖြစ်နေတဲ့အပြင် ကွင်းလယ်ပိုင်းကလည်း လုံလောက်တဲ့ ကာကွယ်ပေးမှုကို မလုပ်ပေးနိုင်ပါဘူး။ တိုက်စစ်ပိုင်းက ကစားသမားတွေကတော့ ကစားပုံ ကောင်းမွန်နေပါတယ်။ ဒါဟာ ရူးသွပ်စရာ ပေါင်းစပ်မှုပါပဲ။ သူတို့ဟာ ပွဲတိုင်း ဂိုးသွင်းနိုင်စွမ်း ရှိနေပေမယ့်လည်း ခံစစ်ကလည်း ဂိုးပေးနိုင်စွမ်း ရှိနေပါတယ်။ ခံစစ် ကစားသမားတွေ အနေနဲ့ ခံစစ်ကို အသေအချာ ကစားသွားရန် အချိန်ကျနေပါပြီ။

ခန့်မှန်းချက် : ပဲလေ့စ် 1-2 လီဗာပူး

တော့တင်ဟမ် Vs ချဲလ်ဆီး

အကယ်၍ ချဲလ်ဆီးသာ ဒီပွဲစဉ်ကို ရှုံးနိမ့်သွားခဲ့မယ်ဆိုရင် ဂရေဟမ်ပေါ်တာကို ရာထူးကနေ ထုတ်ပယ်သွားဖို့ ရှိနေတယ်ဆိုတဲ့ ကောလဟာလ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ကျနော် ဒါကို သဘောမတူပါဘူး။ ရလဒ်တွေ မကောင်းတာ အမှန် ဖြစ်ပေမယ့်လည်း သူတို့ဟာ ကစားသမား ခေါ်ယူမှု တကယ့်ကို များလွန်းခဲ့ပါတယ်။ ဒါပေမယ့်လည်း အဓိက လိုအပ်နေတဲ့ အထောင် တိုက်စစ်မှုးကိုတော့ အားမဖြည့်ခဲ့ပါဘူး။ ကမ္ဘာ့ပေါ်မှာ ဖန်တီးမှု အကောင်းဆုံး ကွင်းလယ်လူတွေ အသင်းမှာ ရှိနေပေမယ့် ဂိုးသွင်းနိုင်မယ့်သူ မရှိဘူးဆိုရင် ဘာထူးမှာလဲ?

တော့ဘိုလီက သူတို့ဟာ ပေါ်တာကို ဆက်လက်ထောက်ခံထားဆဲလို့ ပြောထားပြီး ကျနော်ကတော့ ဒီလို လုပ်မယ်လို့ ယုံကြည်ထားပါတယ်။ ရယ်စရာကောင်းတာကတော့ တော့တင်ဟမ်ဟာ အန်တိုနီယိုကွန်တီ နည်းပြခုံတန်မှာ မရှိတဲ့အချိန်တိုင်း အကောင်းဆုံး လုပ်ပြနေပါတယ်။ ဒါပေမယ့် တော့တင်ဟမ် ရဲ့ ခြေစွမ်း‌အပေါ် ကျနော် သိပ်မယုံကြည်ပါဘူး။ ချဲလ်ဆီးပဲ ရလဒ်ကောင်း ရသွားမယ်လို့ ကျနော် ထင်နေဆဲပါ။

ခန့်မှန်းချက် : တော့တင်ဟမ် 0-1 ချဲလ်ဆီး

အခြားပွဲစဉ်များ
အဲ‌ဗာတန် 1-2 အက်စတွန်ဗီလာ
လိဒ် 2-1 ဆောက်သမ်တန်
ဝက်ဟမ်း 1-0 နော့တင်ဟမ်ဖောရက်စ်

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments