Tuesday, January 20, 2026
spot_img
spot_img

ဒီဆာဆီအပြင် ဂျာအို ဖီးလစ်ကိုပါ ခေါ်ယူသွားဖို့ ကြိုးပမ်းနေပြန်တဲ့ ဗီလာ

အက်စတွန် ဗီလာအသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ နောက်ခံကစားသမား အက်ဇယ်လ် ဒီဆာဆီကို ခေါ်ယူဖို့ ဆွေးနွေးနေသလို တိုက်စစ်ကစားသမား ဂျာအို ဖီးလစ်ကိုပါ စိတ်ဝင်စားလို့နေတာကြောင့် ခေါ်ယူသွားနိုင်ဖို့အတွက် ကြိုးပမ်းမှုတွေလည်း လုပ်ဆောင်နေပြီလို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ဗီလာက ဒီဈေးကွက်အတွင်းမှာ တောင်ပံကစားသမား ဒွန်ရယ်လ် မာလန်းကို ဒေါ့မွန်ကနေ ခေါ်ယူထားသလို စပိန် ညာနောက်ခံကစားသမား အန်ဒရက်စ် ဂါဆီယာကိုလည်း လီဗန်တေးကနေ ခေါ်ယူထားခဲ့ပါသေးတယ်။ ဒီလို ခေါ်ယူမှုတွေအပြင် ဖီလိုဂျင်းနဲ့ ဒီယေဂို ကားလို့စ်တို့ကိုပါ အသင်းကနေ အငှားချ ရောင်းထုတ်ထားခဲ့ပါတယ်။

လက်ရှိမှာ ဖီနာဘာချီအသင်းဆီ အပြီးသတ် ပြောင်းရွှေ့သွားတဲ့ ဒီယေဂို ကားလို့စ်နေရာအတွက် ဗီလာရီးယဲလ်က ဟွမ်ဖွိုက်ကို ပစ်မှတ်ထားနေသလို ချယ်လ်ဆီးက ပြင်သစ်နောက်ခံလူ ဒီဆာဆီကို ခေါ်ယူဖို့အတွက်လည်း ကစားသမားနဲ့က ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားခဲ့ပြီး ချယ်လ်ဆီးနဲ့သာ သဘောတူညီမှု ရရှိဖို့ ကျန်ရှိနေပါတော့တယ်။

Astro Villa are also interested in signing Joao Felix

ဒီဆာဆီကို ဗီလာအပါအဝင် တခြားသော ပရီးမီးယားလိဂ် ကလပ်အသင်းတွေနဲ့ စီးရီးအေအသင်းတွေကပါ စိတ်ဝင်စားခဲ့ကြပေမယ့်လည်း ဒီဆာဆီကိုယ်တိုင်ကတော့ ဗီလာကိုသာ ရွေးချယ်လို့ထားသလို အသင်းနှစ်သင်းကြားမှာတော့ ဒီဆာဆီရဲ့ အငှားအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဆွေးနွေးနေဆဲ ရှိနေပါတယ်။

ဒီလို အခြေအနေမှာ ဗီလာက နောက်ထပ် ချယ်လ်ဆီးကစားသမားတစ်ဦးဖြစ်တဲ့ ပေါ်တူဂီ တိုက်စစ်ကစားသမား ဂျာအို ဖီးလစ်ကိုပါ ထပ်မံ ကြိုးပမ်းလာခဲ့ပြန်ပါတယ်။ ဂျာအို ဖီးလစ်က ဒီနွေကမှ အသက်လက်တီကိုကနေ ချယ်လ်ဆီးကို ထပ်မံ ရောက်လာခဲ့တာ ဖြစ်ပေမယ့် ဒီရာသီထဲမှာ အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ(၂၀)သာ ကစားထားရပါတယ်။

ဖီးလစ်ဟာ ဒီရာသီ ချယ်လ်ဆီးအသင်းရဲ့ သိပ်အရေးမပါလှတဲ့ ကွန်းဖရန့်စ်လိဂ် အက်ဖ်အေဖလားနဲ့ လိဂ်ဖလားပွဲတွေမှာသာ ပိုကစားခဲ့ရပြီး ပရီးမီးယားလိဂ်မှာဆိုရင် (၃)ပွဲလေးသာ ပွဲထွက်ကစားခဲ့ရတာကြောင့် ဒီအခြေအနေကို စိတ်ပျက်နေတဲ့ ဖီးလစ်က အသင်းကနေပါ ထွက်ခွာချင်နေပါတယ်။ ဒီအခြေအနေမှာ ဖီးလစ်ကို အငှားနဲ့ ခေါ်ယူဖို့ အသင်းတော်တော်များများက စိတ်ဝင်စားလာပြီး ဗီလာကလည်း လေဗာကူဆင်ဆီ လက်လွတ်ရတော့မယ့် ဘွန်ဒီယာနေရာအတွက် ဖီးလစ်ကို ခေါ်ယူဖြည့်တင်းသွားချင်နေပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments