စတန် ကော်လီမိုး က မန်ချက်စတာ ယူနိုက်တက် အသင်းကိုသာ ကာတာ ဘီလျံနာ သူဌေးတွေ ပိုင်ဆိုင် သွားခဲ့ရင် ဖရန်ကီ ဒီဂျောင် ကို ခေါ်မယ့် အစား အာဆင်နယ် အသင်း ရဲ့ ကြယ်ပွင့် နှစ်ဦးဖြစ်တဲ့ ဆာကာ နှင့် အော်ဒီဂတ် တို့ကို ခေါ်ယူ သင့်တယ်လို့ CaughtOffside မှာ ပြောကြား သွားခဲ့ပါတယ် ။

” မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ သူတို့ အသင်းဆီ မလာချင်တဲ့ ကစားသမားကို ခေါ်ဖို့ မကြိုးစား သင့်ပါဘူး ။ ဒါပေမယ့် ချဲလ်ဆီး က အာဆင်နယ် ကို သွားချင်နေတဲ့ မူဒရစ် ကို မက်လောက်စရာ ပိုက်ဆံ ပေးပြီး ခေါ်သွားခဲ့တာကို ဥပမာ ပေးပြီး တန်ပြန် ပြောဆို နေကြတာကို တွေ့ပါတယ် ။ ဒီဂျောင် က မန်ယူနိုက်တက် ကို ပြောင်းမလားလို့ မေးတဲ့ အချိန်တိုင်း ‘ No Thanks’ လို့ အမြဲ ပြောနေကြသူပါ ။ ”

” ဒါကြောင့် ယူနိုက်တက် အနေနဲ့ သူ့ကို မခေါ်တော့ဘဲ တခြား ကစားသမား ကို ပစ်မှတ်ထား ခေါ်ယူ သင့်ပါတယ် ။ အကယ်၍ မန်ယူနိုက်တက် ကိုသာ ကြွယ်ဝ ချမ်းသာတဲ့ ကာတာ လုပ်ငန်းစုတွေကသာ ပိုင်ဆိုင် သွားခဲ့ရင် ဒီဂျောင် ကို ခေါ်ဖို့ လုပ်စရာ အကြောင်း ရှိမနေပါဘူး ၊ အနာဂတ်မှာ ဟိုးလေး တစ်ကျော် ဖြစ်လာမယ့် စူပါစတားတွေကိုပဲ ရွေးခေါ်မှာပေါ့ဗျာ ၊ ဥပမာ အနေနဲ့ ပြောရရင် ဘယ်လင်ဟမ် ပေ့ါဗျာ ။ ”
” ဘယ်လင်ဟမ် က နွေရာသီမှာ အိုးထရက်ဖိုဒ့် ကို ရောက်လာမှာ မဟုတ်ဘူး ဆိုတာ ကျနော် သိပါတယ် ။ ဒါပေမယ့် ကျနော် ပြောချင်တာက သူ့လို ကစားသမားမျိုးကို မန်ယူနိုက်တက် ခေါ်သင့်တဲ့ အကြောင်းပါ ၊ ဒီဂျောင် က ကစားသမား ကောင်းတစ်ဦး ဆိုတာ ကျနော် လက်ခံပါတယ် ၊ ကျနော့်ကို အမှတ်မှား မနေကြပါနဲ့ဦး ။ ကာတာ သူဌေးတွေသာ ပိုင်သွားရင် ယူနိုက်တက် က အသင်းတိုင်းကို ဖြိုခွင်း နိုင်စွမ်း ရှိသွားပါလိမ့်မယ် ။ ”
” သူတို့ ပိုင်သွားလို့ အာဆင်နယ် က အော်ဒီဂတ် နှင့် ဆာကာ ကို ခေါ်မယ်ဆို ဘယ်သူ တားဆီး နိုင်မှာလဲဗျာ ၊ ယူနိုက်တက် ရဲ့ ငွေကြေး ပါဝါက အာဆင်နယ် အသင်းကိုရော ကစားသမားတွေကိုရော တားဆီး နိုင်စွမ်း ရှိပါတယ် ၊ ကျနော် အဓိက ပြောချင်တာက ဒီဂျောင် ကို ခေါ်လို့ မရရင် မခေါ်နေဖို့ပါ ။ ”
” ယူနိုက်တက် က ဒီဂျောင် ထက် ပိုကောင်းတဲ့ ကွင်းလယ်လူ ၊ အကောင်းဆုံး ကွင်းလယ်လူကို ခေါ်နိုင်စွမ်း ရှိတဲ့ အသင်းကြီး တစ်သင်းပါ ။ တန်ဟက် သာ ကွင်းလယ် ကို အားဖြည့်ဖို့ ဦးစား ပေးထားတယ် ဆိုရင်ပေါ့ဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။






