တူရကီလိဂ်ပွဲစဉ်တစ်ခုတွင် ကွင်းလယ်ဒိုင်လူကြီးအား ကလပ်အသင်းဥက္ကဋ္ဌမှ ကွင်းအတွင်းထိဝင်ရောက်ကာ ထိုးကြိတ်ခဲ့မှုအပေါ် ထိရောက်စွာအရေးမယူလျှင် ဘောလုံးလောကကိုသတ်မည့် ကင်ဆာရောဂါတစ်ခုကဲ့သို့ ဖြစ်လာနိုင်ကြောင်း FIFA ၏ဒိုင်လူကြီး များကော်မတီဥက္ကဋ္ဌဖြစ်သူ ကော်လီနာက မှတ်ချက်ပြုခဲ့သည်။
အန်ကာရာဂူကူအသင်းဥက္ကဋ္ဌဖြစ်သူ ဖာရူကိုကာသည် ၉၇ မိနစ်တွင် သူ၏အသင်းမှ ချေပဂိုးပြန်ပေးရကာ တစ်ဂိုးစီ ဖြစ်သွားပြီးနောက် ကွင်းထဲကို ဝင်ရောက်လာပြီး ဒိုင်လူကြီးဖြစ်သူ ဟာလီအူမွတ်မယ်လာ၏မျက်နှာကို လက်သီးဖြင့် ထိုးခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်ရပ်ကြောင့် ဥက္ကဋ္ဌ ဖာရူကိုကာမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး သူ၏ရာထူးမှလည်း နုတ်ထွက်ခဲ့ရသည်။
ယင်းဖြစ်စဉ်ကြောင့် တူရကီလိဂ်ပွဲများအားလုံးကို ချက်ချင်းရပ်ဆိုင်းခဲ့ပြီး ပြန်လည်ကစားမည့်ရက်ကို ကြေညာခြင်းမရှိသေးကြောင်း သိရသည်။






