Wednesday, January 14, 2026
spot_img
spot_img

ဒိုဂူကို ရက်ပိုင်းအတွင်းမှာပဲ အရ ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်ထားတဲ့ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီဆောင်းဈေးကွက်မှာ သူတို့ အလိုချင်ဆုံး ကစားသမားဖြစ်တဲ့ လက်ချီ ဘယ်နောက်ခံကစားသမား ပက်ထရစ် ဒိုဂူကို လာမယ့် ရက်ပိုင်းအတွင်းမှာပဲ အရ ခေါ်ယူသွားနိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း ဖာဘရီဇီယို ရိုမာနိုကနေ သတင်းဖော်ပြလာခဲ့ပါတယ်။

ယူနိုက်တက်နည်းပြ ရူဘင် အမော်ရင်က အခု ဈေးကွက်အတွင်းမှာ အသင်းအတွက် ဘယ်ခြမ်းခံစစ်နေရာကို အားဖြည့်သွားချင်နေတာကြောင့် လက်ချီအသင်းရဲ့ ဒိန်းမတ် ဘယ်နောက်ခံကစားသမားလေး ဒိုဂူကို အဓိက ပစ်မှတ်ထား ကြိုးပမ်းလာခဲ့တာဖြစ်ပြီး ကမ်းလှမ်းမှုတွေလည်း အကြိမ်ကြိမ် ပြုလုပ်ထားခဲ့ပါသေးတယ်။

ယူနိုက်တက်ဟာ အသက်(၂၀)အရွယ် ကစားသမားအတွက် ကနဦး ကမ်းလှမ်းမှု ယူရို(၂၇)သန်းနဲ့ ကမ်းလှမ်းခဲ့ရာ ပယ်ချခံခဲ့ရသလို ဒုတိယအကြိမ်အဖြစ် ယူရိုသန်း(၃၀)နဲ့ ထပ်မံ ကမ်းလှမ်းခဲ့ပေမယ့်လည်း ဒါကိုလည်း လက်ချီဘက်က ထပ်ပြီး ပယ်ချသွားခဲ့ပြန်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်က တတိယ ကမ်းလှမ်းမှုကို ထပ်ပြီး ပြုလုပ်သွားဖို့ ရှိနေပါတယ်။

United confident of signing Dorgu within days

လက်ချီဘက်ကတော့ သူတို့အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးကို အသင်းကနေ ရောင်းမချချင်ဘူးလို့ ပြောထားပေမယ့်လည်း ဒိုဂူအတွက် ယူရိုသန်း(၄၀)ဝန်းကျင်နဲ့ ကမ်းလှမ်းလာမယ်ဆိုရင်တော့ ရောင်းချသွားဖို့ ရှိနေသလို ကစားသမားကိုယ်တိုင်ကလည်း ယူနိုက်တက်ဆီ ပြောင်းရွှေ့သွားချင်နေပါတယ်။

ဒါကြောင့် ယူနိုက်တက်က တတိယအကြိမ် ကမ်းလှမ်းမှုမှာ လက်ချီဘက်က အလိုရှိနေတဲ့ ယူရိုသန်း(၄၀)ဝန်းကျင်အထိ တန်ကြေးရှိသွားနိုင်မယ့် ကမ်းလှမ်းမှုမျိုးနဲ့ ထပ်မံ ကြိုးပမ်းလာနိုင်ပြီး အပိုဆုကြေးများကိုပါ ထည့်သွင်းကမ်းလှမ်းသွားမှာဖြစ်လို့ ရက်ပိုင်းအတွင်းမှာပဲ ဒိုဂူကို အသင်းဆီ အရ ခေါ်ယူနိုင်တော့မယ်လို့ ယုံကြည်နေပါတယ်။

တကယ်လို့ ဒိုဂူကို မရခဲ့ရင်တော့ ဒီနွေမှ အသင်းကနေ ဘင်ဖီကာဆီကို ပြောင်းရွှေ့ထားတဲ့ စပိန် ဘယ်နောက်ခံကစားသမားလေး အဲလ်ဗာရို ဖာနန်ဒက်ဇ်ကိုသာ ယူရိုသန်း(၂၀)တန် buy-back option နဲ့ ပြန်ခေါ်သွားဖွယ် ရှိနေပြီး ဈေးကွက်ပိတ်ဖို့ ရက်အနည်းငယ်လေးသာ ကျန်ရှိနေတော့တဲ့အတွက် အလျင်အမြန် လုပ်ဆောင်ရဖို့တော့ ရှိနေပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments