အသင်းရဲ့ဂိုးသမားဖြစ်သူ ဗီကာရီကိုဟာ ခြေကျင်းဝတ်ကို ခွဲစိတ်မှုခံယူမှာဖြစ်ကောင်း ကလပ်က တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။
ဗီကာရီကိုဟာ မန်စီတီးအား ၄-၀ ဂိုးဖြင့် အီသီဟက်မှာ အနိုင်ရရှိခဲ့တဲ့ပွဲကို ဒဏ်ရာရရှိလျက်ပင် ပါဝင်ကစားပေးခဲ့တာပါ။
ဒဏ်ရာကိုခွဲစိတ်ကုသမှာဖြစ်လို့ အီတလီနိုင်ငံသားဟာ လအနည်းငယ်နားရမှာဖြစ်လို့ နည်းပြ ပိုစတီကိုဂလူအတွက် ထိုးနှက်ချက်တစ်ခုဖြစ်လာပါတယ်။
ပြီးခဲ့တဲ့နွေရာသီတုန်းက အသင်းဟာ ဗီကာရီကိုအတွက် အရန်ဂိုးသမားကို မခေါ်ယူခဲ့တာကြောင့် ဝါရင့်ဂိုးသမားကြီး ဖော်စတာကသာ နံပါတ် ၂ နေရာမှာ ရှိခဲ့တာပါ။
အခုတော့ ကလပ်ဟာ ပွဲကျပ်ကာလဟာ ဖော်စတာကိုသာ ပွဲထွက်ဂိုးသမားအဖြစ် ရွေးချယ်ရတော့မှာဖြစ်ပါတယ်။
သို့သော်လည်း Telegraph ရဲ့ဖော်ပြချက်အရ တော့တင်ဟမ်ဟာ ဗီကာရီကိုရဲ့နေရာကို အရေးပေါ်အစားထိုးဖို့အတွက် ရှာဖွေနေပြီလည်းဖြစ်ပါတယ်။
ဇန်နဝါရီဈေးကွက်ဖွင့်လှစ်မယ့် ရက်သတ္တပတ် ၅ ပတ်တာ အချိန်အတွင်းမှာ တော့တင်ဟမ်အနေနဲ့ ဂိုးသမားသစ်တစ်ဦး ခေါ်ယူသွားနိုင်ပါတယ်။
အီတလီသားရဲ့နေရာကို အစားထိုးလိုပေမယ့် ကလပ်ဟာ ဈေးကွက်မှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရရှိမယ့်သူကိုသာ ရှာနေပါတယ်။
တော့တင်ဟမ်ဟာ ဖူလ်ဟမ်နှင့် ပရီးမီးယားလိဂ်ပွဲကို မကစားမီ ကြာသပတေးနေ့မှာ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ရိုးမားနှင့်ကစားရမှာဖြစ်ပါတယ်။
ဒဏ်ရာရရှိသွားတဲ့ ဂိုးသမား ဗီကာရီယိုနေရာကို အရေးပေါ် အစားထိုးဖို့ စီစဉ်နေတဲ့ တော့တင်ဟမ်
RELATED NEWS






