Tuesday, January 20, 2026
spot_img
spot_img

ထုတ်ဖော် ပြောဆိုသွားတဲ့ မန်စီးတီး ဂန္တဝင်ပက်မှာ မရှိခဲ့တဲ့ ပိုချက်တီနိုရဲ့ အားသာချက် တရပ်ကို

ချဲလ်ဆီး အသင်းဟာ မနေ့ကပဲ အမေရိကန် ရာသီကြို ခရီးစဉ်ကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် ၊ ပရီးမီးယားလိဂ် ရာသီသစ် အဖွင့်ပွဲ ဖြစ်တဲ့ လီဗာပူး အသင်းနဲ့ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ရင်ဆိုင်ဖို့ ၁၀ရက် အလို ကော့ဘ်ဟမ်း လေ့ကျင့်ရေး စင်တာမှာ လေ့ကျင့်ပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့ ရှိပါတယ် ။

အမေရိကန်မှာ ခြေစမ်းပွဲ ၅ပွဲ ကစားခဲ့ရာ ၃ပွဲနိုင် ၊ ၂ပွဲ သရေ ရလဒ်နဲ့ အတူ ပြီးခဲ့တဲ့ ရာသီကထက် ခြေစွမ်းအရ ၊ တဦးချင်း စွမ်းဆောင်ရည် အရ သာမက အဖက်ဖက်မှာ အဆပေါင်းများစွာ တိုးတက်မှုတွေ ရှိလာတာကြောင့် ပိုချက်တီနို အနေနဲ့ လက်ရှိ ချဲလ်ဆီးရဲ့ form အပေါ် အတော်လေး အားရကျေနပ်နေမှာ သေချာပါတယ် ။

အတိတ်မှာ တော့တင်ဟမ်နဲ့ အတူ ဆုဖလား မယူနိုင်ခဲ့ပေမယ့် ပိုချက်တီနိုဟာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ၂ကြိမ်တိုင်တိုင် စိန်ခေါ်နိုင်ခဲ့သလို ၊ ချန်ပီယံလိဂ် ဗိုလ်လုပွဲသို့ တကြိမ် ပို့ဆောင်ပေးနိုင်ခဲ့တာကြောင့် ယခင် ချဲလ်ဆီး နည်းပြဟောင်း ဂရေဟမ် ပေါ်တာရဲ့ မှတ်တမ်းတွေနဲ့ ယှဉ်ရင်တော့ အတော်လေး အသာရထားပါတယ် ။

ပိုချက်တီနိုနဲ့ တနိုင်ငံတည်းသား ဖြစ်သူ မန်စီးတီး ဂန္တဝင် တိုက်စစ်မှူးဟောင်း ဆာဂျီယို အဂွဲရိုးကတော့ ၄င်းဟာ ပက်ဂွာဒီယိုလာ စီးတီးကို ပထမဆုံး အကြိမ် ကိုင်တွယ်ခဲ့စဉ်ကလို မဟုတ်ပဲ ၊ ပရီးမီးယားလိဂ် အတွေ့အကြုံ အပြည့်အဝ ရှိတာကြောင့် ချဲလ်ဆီးကို ဇယားထိပ်ပိုင်းမှာ ရှိနေစေဖို့ စွမ်းဆောင်ပေးနိုင်မယ့် အကြောင်း အခုလိုပဲ သုံးသပ်သွားပါတယ် ။

Stake ဝက်ဘ်ဆိုက်နဲ့ တွေ့ဆုံခဲ့ရာမှာ အဂွဲရိုး က ” ပိုချက်တီနိုဟာ ပရီးမီးယားလိဂ် အကြောင်း ကောင်းကောင်း သိပါတယ် ။ သူ ကိုင်တွယ်ခဲ့တဲ့ တော့တင်ဟမ် အသင်းနဲ့ ကျွန်တော်တို့ ကစားခဲ့ရတဲ့ အချိန်တွေကို မှတ်မိနေပါသေးတယ် ။ တကယ်ပဲ ခက်ခဲ့ပါတယ် ။ ”

” ပရီးမီးယားလိဂ် အကြောင်း ကောင်းကောင်း သိထားပြီး ဖြစ်တာကြောင့် ချဲလ်ဆီး အတွက် သူ ကောင်းတဲ့ အရာတွေ စွမ်းဆောင်ပေးနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ ဒါက အားသာချက် တရပ်ပါပဲ ။ ဘာလို့လဲဆိုတော့ တခါတလေမှာ နည်းပြတွေဟာ ပရီးမီးယားလိဂ်ဆီ ပထမဆုံး အခြေချတဲ့ အချိန် ဘာမှ မသိခဲ့တာကြောင့် အချိန် အနည်းနဲ့ အများ ပေးဆပ်ရတတ်လို့ပါ ။ ”

” ဂွာဒီယိုလာ ကိုယ်တိုင်တောင် ပရီးမီးယားလိဂ်ဆီ ပထမဆုံး အခြေချတဲ့ နှစ်မှာပဲ သူ ပေးဆပ်ခဲ့ရပါတယ် ။ နောက်တော့ ပရီးမီးယားလိဂ်ရဲ့ ကစားဟန် ၊ သဘောသဘာဝတွေ အကြောင်း သူ နားလည်ခဲ့ပါတယ် ။ နောက်တနှစ်မှာပဲ သူဟာ အသင်းကို ပြုပြင်ပြောင်းလဲ မြှင့်တင်ခဲ့ပြီး ၊ အဲဒီနောက်ပိုင်း ကျွန်တော်တို့ရဲ့ အောင်မြင်မှုတွေကို ရပ်တန့်လို့ မရခဲ့ပါဘူး ။ ”

” ဒီတော့ ပိုချက်တီနိုဖက်က ကြည့်ရင် သူဟာ ပရီးမီးယားလိဂ် အကြောင်း အများကြီး သိထားပြီး ဖြစ်တာကြောင့် လက်ရှိ အခြေအနေက သူ့ကို အလေးပေးနေပါတယ် ။ သူဟာ အမှတ်ပေးဇယား ထိပ်ပိုင်းက နေရာတွေ အတွက် တိုက်ပွဲဝင်နိုင်တယ်လို့ ကျွန်တော် ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments