Wednesday, January 14, 2026
spot_img
spot_img

တံကောက်ကြောဒဏ်ရာကြောင့် ဆာကာ နှစ်လထက်ပိုပြီးအနားယူရနိုင်တယ်လို့ အာတီတာ ဖွင့်ဟ

အာဆင်နယ်နည်းပြ မီကယ်အာတီတာက ဘူကာယိုဆာကာဟာ တံကောက်ကြောဒဏ်ရာကြောင့် နှစ်လထက်ပိုပြီးအနားယူရနိုင်တယ်လို့ ပြောခဲ့ပါတယ်။ ၂၃နှစ်သားဟာ ခရစ္စတယ်ပဲလေ့စ်ကို ၅-၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ် ပထမပိုင်းမှာတင် ဒဏ်ရာကြောင့် လူစားလဲခဲ့ရပါတယ်။ ဆာကာဟာ ဒီနှစ်ရာသီ ပြိုင်ပွဲစုံ ၂၄ပွဲကစားရာမှာ ၉ဂိုးသွင်း ၁၃ဂိုးဖန်တီးခဲ့ပြီး ဂန်းနားတွေအတွက် အဓိက ကစားသမားဖြစ်လာခဲ့ပါတယ်။

အာဆင်နယ်ဟာ ယနေ့နံနက်ပိုင်းက အစ်ဆွစ်နဲ့ကစားခဲ့ရာမှာ ကိုင်ဟာဗက်ဇ်ရဲ့ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အဆိုပါပွဲအပြီးမှာ အာတီတာက “ဆာကာအတွက် အစီအစဉ်ရှိပါတယ်။ အားလုံးအဆင်ပြေပေမယ့် သူ ရက်သတ္တပတ်များစွာ အနားယူရမှာ ဖြစ်ပါတယ်။

ရက်သတ္တပတ်များစွာလို့ပြောတဲ့နေရာမှာ နှစ်လကျော်ကြာနားရမယ်လို့တော့ ကျွန်တော် ထင်ပါတယ်။ အတိအကျချည်းတော့ မသိပါဘူး။ သူ့ရဲ့အရိုးတစ်ရှူးက အနာတွေ ဘယ်လိုစတင်ကျက်လာမလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ ပထမပတ်ပဲရှိသေးတာကြောင့် ဒီအကြောင်းပြောဖို့ အရမ်းခက်ပါတယ်။”လို့ ပြောခဲ့ပါတယ်။

အာဆင်နယ်မှာ အငှားလာကစားနေတဲ့ တောင်ပံကစားသမား စတာလင်ကတော့ ထင်ထားတာထက် လျင်လျင်မြန်မြန် ပြန်ကောင်းလာဖို့ရှိနေပါတယ်။ အာဆင်နယ်အသင်းဟာ လီဗာပူးနဲ့ ၆မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေပြီး နှစ်သစ်မှာ ဘရန့်ဖို့ဒ်နဲ့ စတင်ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments