Thursday, January 22, 2026
spot_img
spot_img

တော့တင်ဟမ်ဥက္ကဋ္ဌ ဒန်နီရယ်လီဗိုင်းရဲ့နေရာကို အစားထိုးဖို့ တောင်းဆိုလိုက်တဲ့ ကာရေဂါ

ကာရေဂါကတော့ အသင်းအား အခြားသူတစ်ဦးဦးက တာဝန်ယူရန် လိုအပ်တယ်လို့ ပြောကြားကာ ဥက္ကဋ္ဌ ဒန်နီရယ်လီဗိုင်းရဲ့နေရာကို အစားထိုးခြင်းဖြင့် ကလပ်ရဲ့ အထက်တန်းအဆင့်ကို ပြောင်းလဲရန် တော့တင်ဟမ်ကို တောင်းဆိုလိုက်ပါတယ်။

တော့တင်ဟမ်ဟာ တနင်္ဂနွေနေ့က လန်ဒန်မြို့ခံပြိုင်ဘက် ချဲလ်ဆီးကို ၄-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကာ ပွဲရဲ့အစောပိုင်းအချိန်တွင် ၂ ဂိုးအသာဖြင့် ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းတွင် ဂိုးများ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ ကိုးလ်ပယ်လ်မာဟာ ချဲလ်ဆီးအသင်းအတွက် ပင်နယ်တီကနေ ဂိုးသွင်းယူပေးခဲ့ပြီး ကလပ်ကလည်း ပရီးမီးယားလိဂ်ဇယားထိပ်က လီဗာပူးနှင့် ၄ မှတ်အကွာသို့ ရောက်ရှိသွားကာ တော့တင်ဟမ်ကတော့ အမှတ်ပေးဇယားရဲ့ တစ်ဝက်လောက်မှာသာရှိနေပါတယ်။

ပိုစတီကိုဂလူရဲ့ ခြေစွမ်းတည်ငြိမ်မှုမရှိတဲ့ တော့တင်ဟမ်ဟာ ထပ်မံရှုံးနိမ့်ခဲ့ရပြီး ကာရေဂါဟာ လီဗိုင်းလက်အောက် ကလပ်ရဲ့ လက်ရှိလုပ်ဆောင်နေတဲ့ လက်ရှိလုပ်ဆောင်နေမှုအပေါ် ရက်စက်စွာအကဲဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၈ နှစ်အရွယ် စီးပွားရေးသမားလီဗိုင်းဟာ ၂၀၀၁ ခုနှစ်တွင် တော့တင်ဟမ်အသင်းဥက္ကဌဖြစ်လာခဲ့ပြီး မန်နေဂျာနှင့် ကစားသမားများစွာကို အုပ်ချုပ်ခဲ့သူဖြစ်ကာ နောက်ဆုံးအနေနဲ့ ဖိအားအောက်ရှိနေသူကတော့ ပိုစတီကိုဂလူဖြစ်နေပါတယ်။

သူ့ရဲ့လက်အောက်တွင် တော့တင်ဟမ်ဟာ ၂၀၀၇-၀၈ ရာသီတွင် လိဂ်ဖလား တစ်လုံးသာရရှိခဲ့ပြီး ပရိသတ်အများအပြားကတော့ လီဗိုင်းအား ရာထူးမှနုတ်ထွက်ရန် ယခင်က တောင်းဆိုခဲ့ကြဖူးတာဖြစ်ပါတယ်။ ယခုအခါ လီဗာပူးဂန္တဝင် ကာရေဂါက ဥက္ကဋ္ဌအသစ်ရဲ့ လမ်းညွှန်မှုအောက်မှာဆိုရင် အသင်းက ပိုမိုအောင်မြင်နိုင်ကြောင်း အကြံပြု ပြောကြားလိုက်ပါတယ်။

“သူတို့ပိုင်ဆိုင်ခဲ့တဲ့ မန်နေဂျာတွေနဲ့ အတူ ဆုဖလားတွေ မရရှိနိုင်တာကြောင့် အပြောင်းအရွှေ့ဈေးကွက်မှာ ဘယ်တော့မှ ထွက်သွားဖို့ မဖြစ်နိုင်ပါဘူး”
“သူတို့က တခြားအသင်းတွေကို ပြိုင်ဆိုင်ကာ ထိုက်တန်တဲ့ငွေကြေးကိုသုံးပေမယ့် သူတို့ရဲ့လုပ်ခလစာက အမြဲတမ်းအနည်းဆုံးဖြစ်ကာ အကောင်းဆုံးကစားသမားတွေကို ဘယ်တော့မှ ရနိုင်မှာမဟုတ်ဘူး” လို့ ကာရေဂါက Sky Sports မှာ ပြောကြားခဲ့ပါတယ်။

Tottenham lost 4-3 to London rivals Chelsea 

တော့တင်ဟမ်ကွင်းလယ်ကစားသမားဟောင်း ဂျင်မီရက်နပ်က မန်နေဂျာများကို ပြောင်းလဲရန် လီဗိုင်းရဲ့ အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်များကို မကြာခဏ အလေးပေးပြောကြားခဲ့ပြီး “သူ့ရဲ့ ၂၃ နှစ်တာကာလအတွင်း မန်နေဂျာ ၁၄ ဦး ပြောင်းခဲ့ပြီး ဒါဟာ တစ်နှစ်ခွဲနီးပါးအတွင်းမှာ မန်နေဂျာတစ်ဦး ပြောင်းနေတာကြောင့် တစ်ခုခုတော့ ပြောင်းလဲရမှာပါ”
“ဒါဆို သူက မန်နေဂျာပြောင်းလိုက်တိုင်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်မှာမဟုတ်ပါဘူး” လို့ ကာရေဂါက ပြောပါတယ်။

ဥက္ကဌရာထူးမှ နုတ်ထွက်ရန် လီဗိုင်းက မည်သည့်ရည်ရွယ်ချက်ကိုမျှ ပြသခဲ့ခြင်းမရှိခဲ့ဘဲ ဩစတြေးလျသားနည်းပြဟာလည်း ဆက်လက် ရုန်းကန်နေရပါက ပိုစတီကိုဂလူ နေရာတွင် အခြားနည်းပြဖြင့်အစားထိုးရန် မည်သည့်ဆုံးဖြတ်ချက်ကိုမဆို ချမှတ်နိုင်ဖွယ်ရှိနေပါတယ်။

ချဲလ်ဆီးအသင်းအား စိတ်ပျက်စရာ အိမ်ကွင်းတွင် ရှုံးနိမ့်ခဲ့ပြီးနောက် ပိုစတီကိုဂလူက သူ့ရဲ့ကစားသမားတွေအား လက်ရှိရာသီကို ကောင်းအောင်လုပ်နိုင်သေးတယ်လို့ အခိုင်အမာပြောဆိုခဲ့ပြီး သူ့ရဲ့ကစားသမားတွေကို စုစည်းဖို့ ကြိုးစားခဲ့ပါတယ်။

‘‘မနှစ်ကလိုပါပဲ။ ကျွန်တော် ဒီကို ရောက်ကတည်းက ဒီနေရာဟာ ပုံမှန်မဟုတ်တဲ့ နေရာလိုပါပဲ” “နောက်ဆုံးမှာတော့ ကျွန်တော့်ရဲ့ အခန်းကဏ္ဍက ကျွန်တော်တို့ ထိန်းချုပ်နိုင်တဲ့အရာတွေကို အာရုံစိုက်ပြီး ဘောလုံးအသင်းအဖြစ် ဆက်လက်တိုးတက်ပြီး လက်ရှိရာသီကို လှည့်ပတ်နိုင်ဖို့ အကောင်းဆုံးအသင်းကို ပြင်ဆင်နေဖို့ပါပဲ” လို့ တော့တင်ဟမ်အသင်း နည်းပြချုပ်က ပြောကြားခဲ့ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments