Monday, February 9, 2026
spot_img
spot_img

တော့တင်ဟမ်နဲ့ ပွဲစဥ်မတိုင်မီ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဒဏ်ရာရ ကစားသမား အခြေအနေများ

ဒီတစ်ပါတ် တော့တင်ဟမ် ဟော့ စပါး အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဥ် မတိုင်မီ မန်ချက်စတာ ယူနိုက်တက် အသင််းရဲ့ ဒဏ်ရာရ ကစားသမားတွေရဲ့ အနေအထားကို ဖော််ပြပေးလိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် ကတော့ ဗဟိုခံစစ်မှူး ရာဖေးလ် ဗာရန်း ဟာ မန်စီးတီး အသင်းနဲ့ ရင်ဆိုင်ရမယ့် FA ဖလား ဖိုင်နယ်ပွဲအမီ ပြန်လည် သက်သာကောင်းမွန်လာလိမ့်မယ်လို့ ယုံကြည််နေပါတယ် ။

ဗာရန်းဟာ ယူနိုက်တက်တို့ အိုးလ်ထရပ်ဖို့ဒ်မှာ ဆီဗီလာ အသင်းနဲ့ ရင်ဆိုင်ခဲ့ရစဥ် ဒဏ်ရာရခဲ့ပြီး 3 ပွဲဆက် ကစားခွင့် လွဲချော်ထားခဲ့တာပဲ ဖြစ်ပါတယ် ။ အခြားတဖက်မှာတော့ လီဆန်ဒရို မာတီနက်ဇ် ဟာလည်း ဒဏ်ရာကြောင့် ရာသီကုန်အထိ လွဲချော်ဖို့ ရှိနေပါတယ် ။

ဒါ့ကြောင့်လည်း ဘရိုက်တန် နဲ့ ကစားခဲ့ရတဲ့ FA ဖလား ပွဲစဥ်မှာ လင်ဒီလော့ဖ်နဲ့ လုခ်ရှောတို့ ပွဲထွက် ပါဝင်လာခဲ့ကြတာပဲဖြစ်ပါတယ် ။ ဒီပွဲမှာ ယူနိုက်တက်တို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပြီး 7-6 နဲ့ အနိုင် ကစားနိုင်ကာ ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ကြပါတယ် ။

အခြားတစ်ဖက်မှာတော့ ယူနိုက်တက် အသင်း ခေါင််းဆောင် ဟယ်ရီ မက်ဂွားယားဟာ ပွဲပယ် ခံထားခဲ့ရတာကြောင့် ကစားခွင့် ဆုံးရှုံးခဲ့ရတာ ဖြစ်ပြီး လုခ်ရှော က ဗဟို ခံစစ်မှူး အဖြစ်နဲ့ ကစားခဲ့ရတာပဲ ဖြစ်ပါတယ် ။

ဒီလို အနေအထား တစ်ရပ်မှာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် ကတော့ ဗာရန်းဟာ FA ဖလား ဖိုင်နယ်ပွဲစဥ် အမီ ပါဝင်လိမ့်မယ်လို့ ထင်မိကြောင်း ပြောကြားသွားခဲ့လိုက်ပါတယ် ။

” ကျွန်တော်ကတော့ အဲ့ဒီလိုပဲ ထင်ပါတယ် ။ ဗာရန်းဟာ FA ဖလား ဖိုင်နယ်ပွဲ အမီ အသင်း အတွက် ပြန်လည် ပါဝင်် ကစားပေးနိုင်ပါလိမ့်မယ် ” လို့ အဲရစ် တန်ဟတ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

အခြားတဖက်မှာတော့ ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ဟာလည်း ဘရိုက်တန် နဲ့ ပွဲစဥ်မှာ ဒဏ်ရာ ရရှိထားခဲ့ပြီး တော့တင်ဟမ် နဲ့ ပွဲစဥ်မှာ ပါဝင်လာမလားဆိုတာတော့ မသိရသေးပါဘူး ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments