Wednesday, January 14, 2026
spot_img
spot_img

တီမိုဝါနာရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလိုက်တဲ့ ပိုစတီကိုဂလူ

တော့တင်ဟမ်နည်းပြ ပိုစတီကိုဂလူက တိုက်စစ်မှူး ဝါနာရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဝါနာဟာ ပြီးခဲ့တဲ့ဇန်နဝါရီတုန်းက ၆ လအငှားနဲ့ တော့တင်ဟမ်အသင်းထံပြောင်းလာခဲ့တာဖြစ်ပြီး ၁ နှစ်ထပ်မံတိုးထားခဲ့တာဖြစ်ပါတယ်။ ဂျာမန်သားဟာ တော့တင်ဟမ်အသင်းအတွက် စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ဖို့ ရုန်းကန်နေရပြီး လက်ရှိရာသီ ၂၅ ပွဲမှာ ၁ ဂိုးသာသွင်းယူထားနိုင်ခဲ့ပါတယ်။

သတင်းတွေအရ အခုဆောင်းဈေးကွက်မှာ ဝါနာရဲ့အငှားစာချုပ်ကို ဖျက်သိမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ တမ်ဝါ့တ်အသင်းနဲ့အက်ဖ်အေဖလားပွဲမှာ စွမ်းဆောင်ရည်ကောင်းတွေမပြနိုင်ခဲ့ပြီးနောက် ပရိသတ်တော်တော်များများက ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။သတင်းထောက်တွေကို ပိုစတီကိုဂလူက ပြောကြားရာမှာ “မှန်ပါတယ်။ နောက်ဆုံးအရာက လက်ရှိမှာကျွန်တော်တို့နောက်ထပ်ကစားသမားတစ်ဦးကို ဆုံးရှုံးရပါတော့မယ်။ ဘန်တန်ကာကို လက်လွှတ်ခဲ့ရပြီးနောက် အခုဆိုစီနီယာကစားသမား ၁၁ ယောက်အထိ လက်လွှတ်ထားခဲ့ရပါပြီ။

ကျွန်တော်တို့ ဘယ်သူ့ကိုမှလက်မလွှတ်ချင်ပါဘူး။ ဝါနာရဲ့စွမ်းဆောင်ရည်က ပြန်လည်ကြားရတာပါ။ အဲ့နေ့မှာ ကျွန်တော်တို့ ခံစားခဲ့ရပါတယ်။ သူစွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ သူ့စွမ်းဆောင်ရည်က ဘယ်အသင်းကိုမဆို ထိခိုက်နိုင်ပါတယ်။ အခုအပတ်မှာ ခင်ဗျားအဲ့တာကို မြင်နိုင်မှာပါ။ သူ့အတွက် အချိန်ပေးဖို့လိုအပ်ပါတယ်။ အချို့ပွဲတွေမှာ သူစွမ်းဆောင်ရည်ကောင်းပြသနိုင်ပါတယ်။ လေ့ကျင့်စဉ်မှာ သူ့အာရုံစိုက်မှုက ပြဿနာမရှိခဲ့ပါဘူး။ သူ့ဘက်က ပိုပြီးတော့ စွမ်းဆောင်ရည်ကောင်းပြသနိုင်ဖို့လိုအပ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် အဲ့ကတည်းက သူအသင်းအပေါ်အကျိုးပြုနေတာပါ။ အသင်းအတွက် အာရုံစိုက်မှုနဲ့ပတ်သက်ပြီး ဘယ်တုန်းကမှပြဿနာမရှိခဲ့ပါဘူး”လို့ ပိုစတီကိုဂလူက ပြောကြားခဲ့ပါတယ်။ တော့တင်ဟမ်ဟာ အခုလာမယ့်ဗုဒ္ဓဟူးနေ့မှာ မြောက်လန်ဒန်ဒါဘီပွဲအဖြစ် အာဆင်နယ်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments