Wednesday, January 14, 2026
spot_img
spot_img

တိုက်စစ်မှူး ခေါ်မှာလား ၊ ရပ်ရှ်ဖို့ အစွမ်းပြဦးမလား ၊ မာရှယ် ဆက်ရှိဦးမလားဆိုတာတွေကို ဖြေကြားလိုက်တဲ့ အဲရစ် တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် ကတော့ ဝရက်စ်ဟမ်း၊ ရီးယဲ မက်ဒရစ် အသင်း တို့နဲ့ နှစ်ရက်ဆက် ပွဲမကစားမီ သတင်းစာ ရှင်းလင််းပွဲမှာ တိုက်စစ်မှူး အသစ် ခေါ်ယူနိုင်မယ်လို့ ယုံကြည်လားဆိုပြီး အမေးခံလိုက်ရတဲ့ အခါမှာ…

” ကျွန်တော့်ဖက်က ပြောနိုင်တာတော့ ကျွန်တော်တို့ဖက်က စွမ်းနိုင်သလောက် ဒါကို ဖြစ်ပွားလာအောင် လုပ်ကြမှာပါ ။ ကျွန်တော့်အတွက်တော့ မြန်လေကောင်းလေပါပဲ ။ ဘာဖြစ်လို့လဲဆိုတော့ ကစားသမားသစ် ရောက်လာရင် သူ့ကို အသင်းရဲ့ ကစားကွက်ထဲ အံဝင်အောင် ကျွန်တော်တို့ လုပ်ရမယ်လေ ” လို့ ဖြေကြားခဲ့လိုက်ပါတယ် ။

မားကပ်စ် ရပ်ရှ်ဖို့ ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ဂိုး 30 အထိ သွင်းယူပေးနိုင်ခဲ့ပြီး အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်နိုင်ခဲ့ပါတယ် ။ ဒီရာသီ သူ့ အဲ့ဒီလို စွမ်းဆောင်ရည်ကို ဆက်လက် ပြသနိုင်မလားလို့ အမေးခံလိုက်ရတဲ့ အခါမှာတော့…

” သူ့ရဲ့ စိတ်အခြေအနေ ကောင်းတဲ့ အခါတွေမှာ ရပ်ရှ်ဖို့ ဟာ ဒါကို လုပ်ပြနိုင်စွမ်း ရှိပါတယ် ။ ဒီလို ဖြစ်နိုင်ဖို့ မလွယ််ပါဘူး ။ သူ့ကို နေရာယူ မှန်ကန်စေရေး အတွက် အသင််းရဲ့ ကစားပုံ ကောင်းမွန်ဖို့လည်း လိုအပ်လှပါတယ် ”

” အသင်းရဲ့ ကစားပုံကောင်းချိန် ၊ ကျွန်တော်တို့ရဲ့ စည်းမျဥ်းတွေကို လိုက်နာနိုင်ချိန် ၊ သူ့ရဲ့ စိတ်အခြေနေကောင််းမွန်ချိန် ၊ နေရာယူ မှန်ချိန်တွေမှာ သူ့ရဲ့ အဆုံးသတ်ပိုင်းကို စိတ်ချလို့ရပါတယ် ။ သူဟာ ဂိုးဧရိယာထဲ ရှိနေချိန်မှာ အဆုံံးသတ်ကောင်းတယ် ၊ ညှာတာမှု ကင်းမဲ့တယ် ၊ ဘယ် ၊ ညာ ၊ ခေါင်း မရွေး ဂိုးသွင်းနိုင်ပါတယ် ” လို့ တန်ဟတ် က ပြောခဲ့လိုက်ပါတယ် ။

အန်သိုနီ မာရှယ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတွေအတွင်း အကောင်းဆုံးခြေစွမ်းမပြနိုင်ခဲ့သလို ဒဏ်ရာပြသနာတွေအကြား ရုန်းကန်နေခဲ့ရပါတယ် ။ အခုတော့ မာရှယ် ဟာ သူ့ရဲ့ စီမံကိန်းထဲ ပါဝင်သလားလို့ အမေးခံလိုက်ရချိန်မှာ အဲရစ် တန်ဟတ် က…

” ကျွန်တော်တို့ အသင်းကောင်း တစ်သင်းကို လိုအပ်ပါတယ် ။ အန်သိုနီ မာရှယ်က အရမ်းတော်တဲ့ ကစားသမား တစ်ယောက်ပါ ။ သူဟာ ကျွန်တော်တို့ကို အကူအညီပေးနိုင်မှာပါ ။ ပြိုင်ဖက်တွေကို ဖိအားပေး ကစားတဲ့ နေရာ ၊ စုဖွဲ့ ကစားတဲ့ နေရာတွေ ၊ သွင်းဂိုးတွေနဲ့ အကူအညီပေးနိုင်စွမ်းရှိပါတယ် ။ သူဟာ ခမ်းနားတဲ့ ကစားသမား တစ်ဦးပါ ။ သူ ကြံ့ခိုင်နေဖို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ် ” လို့ ဖြေခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments