မန်ယူနည်းပြ အဲရစ်တန်ဟက်ဂ် သည် နွေရာသီအပြောင်းအရွှေ့ဈေးကွက်မတိုင်မီ တိုက်စစ်မှူး ခြောက်ဦးစာရင်းကို အသင်း၏အကြီးအကဲများအား ပေးအပ်ခဲ့ပြီး ၎င်းတိုအသင်း၏ ထိပ်တန်းပစ်မှတ်ဖြစ်သော တိုက်စစ်မှုသစ်ခေါ်ယူနိုင်ရေးအတွက် ပေါင်သန်း ၈၀ နှင့် ကမ်းလှမ်းမှုပြုလုပ်မလား၊ မပြုလုပ်ဘူးလားကို ချိန်ဆနေပြီဖြစ်ကြောင်း သိရသည်။
နယ်သာလန်နည်းပြသည် နံပါတ် ၉ နေရာမှ အဆက်မပြတ်ဂိုးသွင်းနိုင်သည့်သူအား ၎င်း၏အသင်းထံ ပေါင်းထည့်ရန် ကြိုးပမ်းနေသောကြောင့် တိုက်စစ်မှူးကောင်းတစ်ဦးခေါ်ယူနိုင်ရေးသည် တန်ဟက်ဂ်အတွက် ယခုနှစ်နွေရာသီတွင် ဦးစားပေးဖြစ်သည်။ ဝေါက်ဝက်ဟော့စ် သည် ဇန်နဝါရီတွင် ရောက်ရှိလာခဲ့ပြီး အသင်းအတွက် ကစားပေးခဲ့သော်လည်း ၁၈ ပွဲကစားပြီး ၂ ဂိုးသာ သွင်းယူနိုင်ခဲ့ကာ ဘန်လေအသင်း မှ သူ၏ အငှားဖြင့် ပြောင်းရွှေ့မှုသည် အမြဲတမ်းဖြစ်လာမည်မဖြစ်လာမည်ကို မရှင်းလင်းသေးပေ။

မန်ယူသည် ဟယ်ရီကိန်းကို အပြင်းအထန် ချိတ်ဆက်နေပြီး အသင်းသည် ပေါင် သန်း ၈၀ ဖြင့် ကမ်းလှမ်းမှု ပြုလုပ်ရန် စဉ်းစားနေသည်ဟုလည်း သတင်းများထွက်ရှိခဲ့သည်။ သို သော်လည်း ခက်ခက်ခဲခဲ ညှိနှိင်းမှုများကြောင့် နာမည်ကြီးသော တော့တင်ဟမ်ဟော့စပါးဥက္ကဌ ဒန်နီရယ်လီဗိုင်းနှင့် ဆက်ဆံရသည့်အခါ မန်ယူအကြီးအကဲများကြားမှာ အဆင်မပြေဖြစ် နေသည်ဟု ထင်ပါသည်။
မန်ယူအသင်းသည် ပြီးခဲ့သည့်နွေရာသီက ဘာစီလိုနာမှ ဖရန်ကီဒီဂျောင်ကို ဆွဲဆောင်ရန် အချိန်များစွာနှင့် အရင်းအမြစ်များစွာကို အသုံးချခဲ့ရပြီးနောက် နောက်ထပ်ရှည်လျားသည့် အပြောင်းအရွှေ့ဇာတ်လမ်းအား ရှောင်ရှားလိုသည်။

တန်ဟက်ဂ် က မန်ယူအကြီးအကဲများထံတင်ပြခဲ့သော နောက်ရာသီတွင် သူနှင့်အတူ လက်တွဲလုပ်ကိုင်လိုသည့် နောက်ထပ်တိုက်စစ်မှူးငါးဦးအနက် ကိန်း ထက် သိသိသာသာ ပိုကုန်ကျနိုင်ဖွယ်ရှိသူမှာ နာပိုလီအသင်းမှ ဗစ်တာ အိုဆင်ဟမ် ဖြစ်ပါသည်။ အီတလီစီးရီးအေမှ နိုင်ဂျီးရီးယားကစားသမား အိုဆင်ဟမ် က လည်း တစ်နေ့တွင် ပရီးမီးယားလိဂ်၌ ကစားရန် စိတ်ကူးနေကြောင်း ထုတ်ဖော်ပြောကြားထားသည်။

ယခုရာသီတွင် ဘင်ဖီကာအသင်းအတွက် ပြိုင်ပွဲစုံ ၂၄ ဂိုး သွင်းယူထားသည့် ဂွန်ကာလိုရာမိုစ် နှင့် ဘွန်ဒက်စ်လီဂါကလပ်အသင်း Eintracht Frankfurt ၏ ကြယ်ပွင့် Randal Kolo Muani လည်း စာရင်းတွင် ပါဝင်သည်။

Mohammed Kudus လည်း ပါဝင်ပြီး ၎င်းသည် ယခုရာသီတွင် ၁၈ ဂိုး သွင်းယူထားသည်။ Rasmus Hojlund သည် တန်ဟက်ဂ် ၏ တိုက်စစ်မှူးခြောက်ဦးစာရင်းတွင် နောက်ဆုံးအဖွဲဝင်ဖြစ်ပြီး၊ အသက် ၂၀ နှစ်ရှိ ကစားသမားသည် စီးရီးအေတွင်သူ၏ပထမဆုံးရာသီတွင် အတ္တလန္တာအတွက် အထင်ကြီးစေကာ ဒိန်းမတ်အတွက် ၎င်းတို၏မကြာသေးမီက ယူရို ၂၀၂၄ ခြေစစ်ပွဲနှစ်ခုတွင်ငါးဂိုးသွင်းယူခဲ့သည်။







