မန်ယူအသင်း၏နည်းပြ အဲရစ်တန်ဟက်ဂ်က ရီးယဲလ်ကို ရှုံးနိမ့်ခဲ့သည့်ပွဲတွင် အသင်းအနေဖြင့် တိုက်စစ်မှူးအသစ် လိုအပ်ကြောင်း ပြသခဲ့သည်ဟု သုံးသပ်ပြောကြားခဲ့သည်။
မန်ယူအသင်းသည် အဆိုပါခြေစမ်းပွဲတွင် ရီးယဲလ်နှင့် တိုက်စစ်အခွင့်အရေးရရှိမှုချင်း တူညီခဲ့သော်လည်း (၀-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

တန်ဟက်ဂ်က “ကျွန်တော်တို့ ဘာကြောင့် တိုက်စစ်မှူးသစ်ခေါ်ယူဖို့ ကြိုးစားနေသလဲဆိုတာ ဒီပွဲမှာ ပြသခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ယခုနွေတွင် ချယ်လ်ဆီးကွင်းလယ်ကစားသမား မေဆန်မောင့်၊ အင်တာမီလန်ဂိုးသမား အိုနာနာတို့ကို ခေါ်ယူထားပြီး တိုက်စစ်မှူးတစ်ဦး ထပ်မံခေါ်ယူရန် စီစဉ်လျက်ရှိသည်။

မန်ယူအသင်းသည် လက်ရှိတွင် အတ္တလန်တာတိုက်စစ်မှူး ဟွိုင်လန်းအား ခေါ်ယူရန် ကြိုးပမ်းနေပြီး အဆင်မပြေပါက ဖရန့်ဖတ်တိုက်စစ်မှူး မူအာနီကိုလည်း စောင့်ကြည့်နေကြောင်း သိရသည်။






