Sunday, November 9, 2025
spot_img
spot_img

တိုက်စစ်မှူးရပ်ရှ်ဖို့ဒ် မန်ယူအသင်း၏လစာအများဆုံးကစားသမားဖြစ်လာရန် နီးစပ်နေပြီး လက်ရှိလစာအများဆုံးရရှိနေသည့် ဂိုးသမား ဒီဟေးယား အသင်းနှင့်လမ်းခွဲဖွယ်ရှိနေ

မန်ယူအသင်း၏ တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်သည် အသင်းတွင် လစာအများဆုံးကစားသမားဖြစ်လာရန် နီးစပ်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ လစာအများဆုံးရရှိနေသည့် ဂိုးသမား ဒီဟေးယားမှာ အသင်းနှင့် လမ်းခွဲဖွယ်ရှိနေကြောင်း သိရသည်။ မန်ယူအသင်းသည် အင်္ဂလန်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်အား မြင့်မားသည့် လစာနှုန်းထားအသစ်ဖြင့် သက်တမ်းတိုးစာချုပ်သစ် ပြင်ဆင်ချုပ်ဆိုရန် စီစဉ်နေသလို၊ စပိန်ဂိုးသမား ဒီဟေးယားကို လစာလျှော့မယူနိုင်ပါက လမ်းခွဲရန် စီစဉ်နေသည့်အတွက် ယခုကဲ့သို့ အပြောင်းအလဲဖြစ်လာရန် နီးစပ်နေခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၁ ခုနှစ်ကတည်းက အက်သလက်တီကိုအသင်းမှ ပြောင်းရွှေ့လာခဲ့ပြီး မန်ယူအသင်းတွင် (၁၂)ရာသီတိုင်တိုင် ဖြတ်သန်းခဲ့သည့် ဂိုးသမား ဒီဟေးယားသည် ယခုလတွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

၎င်းက လစာလျှော့ယူ၍ မန်ယူအသင်းနှင့် သက်တမ်းတိုးရန် ဆန္ဒရှိနေသော်လည်း မန်ယူအသင်း ပေးချေလိုသည့် လစာနှုန်းထားမှာ လက်ရှိရရှိနေသည့်လစာနှုန်းထားနှင့် ကွာဟလွန်းနေသည့်အပြင် ပထမနေရာအတွက်လည်း အာမခံချက်မပေးနိုင်တော့သည့်အတွက် လမ်းခွဲရနိုင်သည့် အခြေအနေ ရောက်ရှိလာခြင်းဖြစ်သည်။

မန်ယူအသင်းက လက်ရှိအချိန်တွင် အသင်း၏ လစာအများဆုံးကစားသမားအဖြစ် တစ်ပတ်ပေါင်(၃၇၅၀၀၀)ရရှိနေသည့် ဒီဟေးယားကို တစ်ပတ်ပေါင်(၂၀၀၀၀၀)နှုန်းဖြင့်သာ သက်တမ်းတိုးရန် ကမ်းလှမ်းထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် လက်ရှိအချိန်၌ တစ်ပတ်ပေါင်(၂၀၀၀၀၀)သာရရှိသည့် တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ကို တစ်ပတ်ပေါင်(၃၇၅၀၀၀)ဖြင့် ကမ်းလှမ်းထားခြင်းဖြစ်သောကြောင့် မန်ယူအသင်းအနေဖြင့် ရပ်ရှ်ဖို့ဒ်နှင့် ဒီဟေးယားတို့ကို လစာနှုန်းထားချင်း အပြောင်းအလဲလုပ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့သည်။

ရပ်ရှ်ဖို့ဒ်(၂၅ နှစ်)သည် မန်ယူအသင်းနှင့် ၂၀၂၄ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ရီးယဲလ်နှင့် PSG အပါအဝင် ထိပ်တန်းအသင်းအချို့၏ ခေါ်ယူရန် စိတ်ဝင်စားခြင်းခံနေရသူဖြစ်သောကြောင့် မန်ယူအသင်းအနေဖြင့် လက်လွှတ်ဆုံးရှုံးရခြင်းမရှိစေရန်အတွက် တစ်ပတ်ပေါင်(၃၇၅၀၀၀)အထိ တိုးမြှင့်ပေးကာ သက်တမ်းတိုးရန် စီစဉ်နေခြင်းလည်းဖြစ်သည်။

မန်ယူအသင်းသည်  ရပ်ရှ်ဖို့ဒ်ကို (၅)နှစ်စာချုပ်ချုပ်ဆိုသွားရန် ကမ်းလှမ်းထားခြင်းဖြစ်သောကြောင့် စုစုပေါင်းတန်ဖိုးမှာ ပေါင်(၉၇.၅)သန်း တန်ကြေးရှိမည်ဖြစ်ကြောင်း The Sun က ဖော်ပြခဲ့သည်။

ရပ်ရှ်ဖို့ဒ်သည် စာချုပ်သစ်အတွက် တစ်ပတ်ပေါင် (၅၀၀၀၀၀)အထိ တောင်းဆိုသွားရန် စီစဉ်နေကြောင်း သတင်းထွက်ခဲ့ဖူးသော်လည်း လက်ရှိအချိ်န်တွင်မူ (၃၇၅၀၀၀)ဖြင့် သဘောတူညီမှုရရှိရန် နီးစပ်နေပြီဟု The Sun က ဖော်ပြခဲ့သည်။

မန်ယူအသင်းသည် ရာသီသစ်အတွက် အသင်းတွင် ဆက်ရှိမည့် ကစားသမားစာရင်းကို ထုတ်ပြန်ရာ၌ ဒီဟေးယားကို ထည့်သွင်းခဲ့ခြင်းမရှိဘဲ စာချုပ်ကုန်ဆုံး၍ ထွက်ခွာရမည့်စာရင်းတွင်သာ ထည့်သွင်းထားခဲ့သည်။

ထို့ပြင် အဲဗာတန်အသင်းမှ အင်္ဂလန်ဂိုးသမား ပစ်ဖို့ဒ်ကို ပေါင်(၄၅)သန်းဖြင့် ကမ်းလှမ်းရန် စီစဉ်နေခြင်းကြောင့် ဒီဟေးယား၏ မန်ယူူကစားသမားဘဝ အဆုံးသတ်ရတော့မည်ဟု သုံးသပ်မှုများလည်း မြင့်တက်လာခဲ့သည်။    

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments