ပီအက်စ်ဂျီအသင်းသည် မန်ယူက ခေါ်ယူရန်ကြိုးစားနေသော အတ်တလန်တာတိုက်စစ်မှူး ဟွိုက်ချ်လန်းကို မန်ယူထက်ထဲမှ လု၍ခေါ်ယူရန်ကြိုးစားနေသည်။ ပီအက်စ်ဂျီသည် ဘာပေကို အရောင်းစာရင်းတင်လိုက်သောကြောင့် ပြင်သစ်တိုက်စစ်မှူး နေရာတွင် အစားထိုးရန် ဟွိုက်ချ်လန်းကို ခေါ်ယူလိုခြင်းဖြစ်သည်။
အထောင်တိုက်စစ်မှူးတစ်ဦးကို လိုအပ်နေသော ပီအက်စ်ဂျီသည် ဒိန်းမတ်တိုက်စစ်မှူး ဟွိုက်ချ်လန်းကို တန်းဟက်၏ နှာခေါင်းအောက်ဖြတ်ဖြတ်လု၍ ခေါ်ယူသွားနိုင်ကြောင်း သတင်းများက တင်စားဖော်ပြသည်။ တိုက်စစ်မှူးတစ်ဦးကို လိုအပ်နေသော မန်ယူသည် ဟွိုက်ချ်လန်းကို ခေါ်ယူနိုင်ရေးအတွက် အစွမ်းကုန်နည်းလမ်းရှိသ၍ ကြိုုးစားသွားမည်ဖြစ်ကြောင်း တန်းဟက်က ထုတ်ဖော်ပြောဆိုထားသည်။

ပီအက်စ်ဂျီသည် အက်ကီတီကီကို အလိုက်ပေး၍ ငွေသားနှင့် အက်ကီတီကီနှစ်ရပ်ပေါင်းပေးပြီး ဟွိုက်ချ်လန်းကို ခေါ်ယူရန် ကမ်းလှမ်းသွားမည်ဖြစ်ကြောင်းလည်း သတင်းထွက်နေသည်။ အသက် ၂၁ နှစ်အရွယ် အက်ကီတီကီကို အတ်တလန်တာက နှစ်ခြိုက်သောကြောင့် ဟွိုက်ချ်လန်းကို ခေါ်ယူရေးတွင် ၎င်းတို့အနေဖြင့်အသာရမည်ဟု ပီအက်စ်ဂျီအသင်းကယူဆနေသည်။

မန်ယူသည် ဟွိုက်ချ်လန်းကိုခေါ်ယူရေးတွင် ဒိန်းမတ်တိုက်စစ်မှူးနှင့် ပုဂ္ဂိုလ်ရေးသဘောတူညီချက်ရရှိထားပြီးဖြစ်ခြင်းကြောင့် များစွာနီးစပ်ခဲ့သော်လည်း ယခုအခါတွင် ပီအက်စ်ဂျီက ဟွိုက်ချ်လန်းကို ခေါ်ယူနိင်ရန် ပို၍နီးစပ်သွားပြီဖြစ်ကြောင်း သတင်းများက သုံးသပ်ဖော်ပြသည်။ အတ်တလန်တာအသင်းက ဟွိုက်ချ်လန်းအတွက်ပြောင်းရွှေ့ကြေးကို ပေါင် ၈၆ သန်းသတ်မှတ်ထားသည် အဆိုပါ ဈေးနှုန်းသည် များပြားလွန်းသည်ဟု မန်ယူက ယူဆနေခြင်းကြောင့် ဒိန်းမတ်တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေးတစ်ရပ်ကို မန်ယူနှင့်စီးရီးအေကလပ်အသင်းအကြားတွင် သဘောတူညီမှုမရရှိနိုင်ခဲ့ခြင်းဖြစ်သည်။






