Tuesday, January 13, 2026
spot_img
spot_img

တန်ဟက်ဂ်၏ သတင်းများက အသင်းအပေါ် သက်ရောက်မှုမရှိဟု မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် ပြောကြား

မန်ယူအသင်းခေါင်းဆောင် ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က နည်းပြတန်ဟက်ဂ်၏ သတင်းများမှာ အသင်းအပေါ် သက်ရောက်မှုမရှိဟု ပြောကြားခဲ့သည်။ 

မန်ယူအသင်းသည် FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ကိုဗင်ထရီအသင်းနှင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရသည့်အတွက် တန်ဟက်ဂ် ရာထူးမှ ထုတ်ပယ်ခံရတော့မည်ဟု သတင်းများ ထွက်ပေါ်နေသည်။ 

ဘရူနိုဖာနန်ဒက်စ်ကမူ “ဒီသတင်းတွေက အသင်းအပေါ် သက်ရောက်မှုမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ အားလုံးက ဒီရာသီကို အကောင်းဆုံးအဆုံးသတ်နိုင်အောင် အာရုံစိုက်ထားတာကြောင့်ပါ”ဟု ပြောကြားခဲ့သည်။

မန်ယူအသင်းနည်းပြ တန်ဟက်ဂ်ကမူ ကိုဗင်ထရီအသင်းအား ပယ်နယ်တီအဆုံးအဖြတ်ဖြင့်သာ အနိုင်ရခဲ့သော်လည်း ရှက်စရာမဟုတ်ကြောင်း ပြောကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments